Monday, January 1, 2018

ပါမောက္ခချုပ်ဆရာတော်၂ဝ၁၈ ခုနှစ် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်လွှာ

Image may contain: 1 person, standing and closeup
၂ဝ၁၈ ခုနှစ်၏ နှစ်သစ်မင်္ဂလာ အခါသမယမှာ သတ္တဝါတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဟန်းရှင်လူ ပြည်သူပြည်သားအားလုံး မင်္ဂလာကျင့်စဉ်တိုင်း လိုက်နာ ကျင့်သုံးခြင်းဖြင့် မင်္ဂလာရှိသောနှစ်အဖြစ် မှတ်တမ်း တင်နိုင်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါသည်။
အချင်းချင်း မေတ္တာသက်ဝင်ချစ်ခင်ခြင်း၊ အကြင်နာ တရားထားခြင်း၊ မလိုမုန်းထားစိတ် ကင်းခြင်း၊ စိတ်ထား ဖြောင့်မှန်အပြန်အလှန် လေးစားခြင်းရှိကြမှသာ အခက် အခဲဟူသမျှကို ကျော်လွှားနိုင်ကြမှာ ဖြစ်ပါသည်။
မိမိတို့ကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန် အောင် ပြုပြင်ခြင်း၊ အသိပညာ အတတ်ပညာစွမ်းအား မြှင့်တင်ပေးခြင်းအားဖြင့် မိမိတို့ဘဝလှပသော အနာဂတ် ကို ဖော်ဆောင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ကြပါစေ။

No comments:

Post a Comment