Thursday, January 4, 2018

အာတိတ်ဒေသရှိ ရုရှားတပ်ဖွဲ့များအတွက် လေယာဉ်ပစ်ဒုံးလက်နက်သစ်များ တပ်ဆင်မည်

Image may contain: outdoor
မော်စကို ဇန်နဝါရီ ၃
ရုရှားနိုင်ငံ မြောက်ဘက်စွန်းနှင့် အာတိတ်ဒေသတို့ရှိ တပ်ဖွဲ့များအတွက် တိုး-အမ်-၂ ဒီတီ အမျိုးအစား တာတိုပစ် လေယာဉ်ခွင်းဒုံးကျည်များကို ၂ဝ၁၈ ခုနှစ်အတွင်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဒုံးလက်နက်သစ်များတပ်ဆင်ရေး ဆုံးဖြတ်ချက်ကို ရုရှားမြေပြင်တပ်ဖွဲ့များ၏ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့မှူး အယ်လက်ဇန်းဒါး လီယိုနော့ဗ်က ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။
တိုး-အမ်-၂ ဒီတီ လေယာဉ်ပစ်ဒုံးစနစ်သည် အလွန် အမင်းအေးမြသော ရာသီဥတုအခြေအနေနှင့် လိုက်လျော ညီထွေဖြစ်စွာ အသုံးပြုနိုင်ပြီး ကြမ်းတမ်းသည့် မြေမျက်နှာ ပြင်တွင်လည်း ပစ်ခတ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။
မြောက်ဝင်ရိုးစွန်းဒေသ (အာတိတ်ဒေသ)ရှိ သဘာဝ သယံဇာတအရင်းအမြစ်များကို အကျိုးရှိစွာ ထုတ်ယူ အသုံးချရေးနှင့် ဝင်ရိုးစွန်း ပင်လယ်ရေလမ်းကြောင်းဖွင့် နိုင်ရေးအတွက် ရုရှားနိုင်ငံက ယင်းဒေသ၌ အင်အား တောင့်တင်းသော တပ်ဖွဲ့များကို တိုးမြှင့်လျက်ရှိသည်။
ရုရှားနိုင်ငံက အာတိတ်ဒေသ၌ အမြဲတမ်းစစ်ဘက် ဆိုင်ရာဇုန်များ တည်ထောင်ထားပြီး တပ်ဖွဲ့ဝင်များအားလေ့ကျင့်မှုများပြုလုပ်စေကာ ဒေသတွင်း၌ တပ်မကြီးများ ထားရှိရေးအတွက်လုပ်ဆောင်နေကြောင်း ရှေးရိုးဆန်သည့် ဗြိတိန်နိုင်ငံမှ ပညာရှင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဟင်နရီဂျက်ဆင်အဖွဲ့က ပြောကြားသည်။
ရုရှားနိုင်ငံသည် ရေခဲခွဲ ရေယာဉ်အုပ်စုတစ်ခုကို တပ်တော်ဝင်စေခဲ့ပြီး ဆိုဗီယက်ခေတ် စစ်စခန်းဟောင်း များကို ပြန်လည်ဖွင့်လှစ်ကာ ဒုံးကျည်ကြိုတင်သတိပေး ရေဒါစနစ်များကို အာတိတ်ဒေသတွင် ဖြန့်ချထားကြောင်း ယင်းအဖွဲ့က ပြောကြားသည်။
ဆင်ဟွာ

No comments:

Post a Comment