Tuesday, January 30, 2018

မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေ ထူထောင်နေပြီဖြစ်သောကြောင့် အခွင့်အရေးများ ပိုမိုပေးနိုင်တော့မည်

No automatic alt text available.
နေပြည်တော် ဇန်နဝါရီ ၂၉
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်သတ္တမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကြမ်းတို့ကို ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေအရ မသန်စွမ်းသူများအတွက် ဥပဒေ၏ အကာ အကွယ်ကို ပြည့်ဝစွာရရှိရန်နှင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ထောက်ပံ့ကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဥပဒေ နှင့်အညီ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့အမိန့် ကြော်ငြာစာအမှတ် (၇ဝ/၂ဝ၁၇)ဖြင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ထိုကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီကို အစိုးရဌာနအဖွဲ့ အစည်းများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မသန်စွမ်းသူများအသင်းချုပ်မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မသန် စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူများ ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်း နိုင်ခဲ့ပြီဖြစ်သောကြောင့် မသန်စွမ်းသူများအတွက် သီးသန့် ရန်ပုံငွေတစ်ရပ်ကိုလည်း ထူထောင်၍ ဆောင်ရွက်နိုင်တော့ မည် ဖြစ်ပါကြောင်း။
လက်ရှိတွင် မသန်စွမ်းသူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝန်ကြီး ဌာနရန်ပုံငွေဖြင့် ပံ့ပိုးမှုများဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၅၄ ဦးကို တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝဝ နှုန်းဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်မှ မိုင်းကြောင့် သေဆုံးသူ တစ်ဦးအား ငွေကျပ် ၇ဝဝဝဝဝ ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ကယား ပြည်နယ် ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုအတွင်းရှိ ခိုကိုးရာမဲ့ မသန်စွမ်း ခြောက်ဦးကို တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝဝ နှုန်းဖြင့် လည်းကောင်း၊ သာမန်မသန်စွမ်းသူ ၃၁ ဦးကို တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝဝ နှုန်းဖြင့် လည်းကောင်း၊ ကျန်းမာရေးမကောင်းသည့် မသန်စွမ်းသူ တစ်ဦးကို ငွေကျပ် ၁ဝဝဝဝဝ ဖြင့် လည်းကောင်း၊ မသန် စွမ်းသူများ၏ အခွင့်အရေး ဥပဒေပါ သီးသန့်ရန်ပုံငွေ ထူထောင်ပြီးပါက ¤င်းတို့အတွက် အခွင့်အရေးအပြည့် အဝရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေနှင့် အမျိုးသားဥပဒေကို ဖွဲ့စည်းပြီး မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေ ထူထောင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်သောကြောင့် အခွင့်အရေးများ ပိုမိုပေးနိုင်တော့မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် ကိုးကန့်တိုင်းရင်းသားများနှင့် သက်ဆိုင် သည့် ''ကိုးကန့်အမျိုးသားနေ့''ကို တရားဝင် အသိအမှတ်ပြု သတ်မှတ်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသား မျိုးနွယ်စုများ၏ အမျိုးသားနေ့ သတ်မှတ်ခြင်းသည် ပါတီ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်အစုအဖွဲ့တစ်ခု၊ ဒေသအဖွဲ့ အစည်းတစ်ခု၊ အာဏာရအဖွဲ့အစည်းတစ်ခုနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ အဆိုပါ မျိုးနွယ်စုအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပါကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုဝင်များ၏ နိုင်ငံရေးအဖွဲ့အစည်း၊ စာပေ ယဉ်ကျေးမှုအဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ နေရာဒေသများတွင် နေထိုင်ကြသော သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်ဝင်များအားလုံးနှင့်လည်း သက်ဆိုင် သည့်အတွက် ¤င်းတို့၏ သဘောဆန္ဒများကို ထည့်သွင်း စဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် တိုင်းရင်းသားမျိုးနွယ်စု၏ အမျိုးသားနေ့ အဖြစ် သတ်မှတ်ဆောင်ရွက်ရန်အတွက် အားလုံးပါဝင် သော ဦးစီးအဖွဲ့ကို ရှေးဦးစွာ ဖွဲ့စည်းပြီး သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ သဘောဆန္ဒကို ရယူပြီး သတ်မှတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သတ်မှတ်ချက် အရ ဖြစ်ပေါ်လာသော အမျိုးသားနေ့အခမ်းအနား ကျင်းပခြင်းကို အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများက အသိအမှတ်ပြု ပါဝင်ဆင်နွှဲဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ကိုးကန့်အမျိုးသားနေ့ကို ကမ္ဘာတစ်ဝန်းရှိ၊ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကိုးကန့်တိုင်းရင်း သားများအားလုံးက အသိအမှတ်ပြုပြီး ကျင်းပဆောင်ရွက် ခြင်းကသာ သင့်တော်ပါကြောင်းနှင့် နိုင်ငံတော်က သတ်မှတ်ဆောင်ရွက်ပေးရန် မလိုအပ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးရဲထွဋ်၏ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် ထုတ်ဝေခြင်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရယူ၍ ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချ သော စာအုပ်၊ စာပေ၊ စာစောင်များ၊ နိုင်ငံတော်က သတ်မှတ်ထားသော ကုန်သွယ်မှုနည်းလမ်းများဖြင့် ပြည်ပ မှ တင်သွင်းရောင်းချသော စာအုပ်၊ စာပေ၊ စာစောင်များ နှင့် ဆက်နွှယ်သော ဝန်ဆောင်မှုSupply Chainတစ်ခု လုံးကို ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းမှ ကင်းလွတ် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းလုပ်ငန်း လုပ်ကိုင်သူများ၊ ထုတ်ဝေခြင်းလုပ်ငန်း လုပ်ကိုင်သူများ၊ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများကို ၂ဝ၁၄ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေနှင့်အညီ အသိအမှတ်ပြုလက်မှတ်ကိုသာ ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများ လုပ်ကိုင်သူ များအနေဖြင့် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ပေးခြင်း၊ လုပ်ငန်းအပေါ်ဝင်ငွေခွန်၊ အမြတ်ခွန်ကောက်ခံခြင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခ
ံခြင်း စသည့် လုပ်ငန်းများကို စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သီးခြားဆောင်ရွက်ခြင်း မရှိပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ညှိနှိုင်းပေးခဲ့ပါကြောင်း။
၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)တွင် ဖော်ပြပါရှိသော ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်များတွင် အကျုံးဝင်ခြင်း မရှိသော်လည်း ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက် ဥပဒေရေးဆွဲချိန်တွင် ပြဋ္ဌာန်းမည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံးဖြတ် ရပါသဖြင့် လွှတ်တော်တွင် စာအုပ်စာပေ၊ စာစောင်များ အပေါ်မှ ကုန်သွယ်မှုလုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြဋ္ဌာန်း ရရှိနိုင်ရေး ဝင်ရောက်ဆွေးနွေးဆုံးဖြတ်မှုကို ခံယူသင့်ပါ ကြောင်း၊ ကင်းလွတ်ခွင့်များပေးပါက ဘဏ္ဍာနှစ် တစ်နှစ် အတွင်း ကောက်ခံရရှိနိုင်သည့် ကျပ်သန်းပေါင်းများစွာ အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးနိုင်ခြေရှိသည်ကိုလည်း ချင့်ချိန် ထည့်သွင်းဆွေးနွေးသင့်ပါကြောင်းကို စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်းအကြောင်းကြားပါ ကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူ အတွက် အသိပညာဗဟုသုတ တိုးတက်စေမည့် စာအုပ် စာပေ ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို လိုလားသောကြောင့် အခွန်အကောက်များ လျှော့ချ ပေးမည်ဆိုပါက ထောက်ခံပါကြောင်း၊ သို့သော်လည်း အခွန်ဘဏ္ဍာကိစ္စရပ်များမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုနယ်ပယ်တွင် မရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးစောစိန်ထွန်းက နိုင်ငံတော်ရှိ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန် ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူလူထု လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေးအတွက် အခမဲ့ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြန်ကြားရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေခွင့်ပြုမှု အနေ အထားနှင့် လုပ်ငန်းများ ဆောင်ရွက်ရသည့် ပမာဏ၊ မြန်မာနိုင်ငံတွင်ရှိသည့် လူဦးရေနှင့် ဖြန့်ချိရမည့် ပမာဏ တို့အရ အခမဲ့ ဖြန့်ဝေရမည်ဆိုလျှင် လိုအပ်ချက်များစွာ ရှိပြီး လက်ရှိအခြေအနေတွင် ဆောင်ရွက်နိုင်မည့် အနေ အထား မရှိပါကြောင်း၊ ဘဏ္ဍာငွေ သီးခြားတောင်းခံပြီး ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုမှသာ ဆောင်ရွက်ပေး နိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊ သို့သော်လည်း အခမဲ့ မဖြန့်ဝေသည်မှလွဲ၍ နိုင်ငံနှင့်အဝန်း ပြည်သူများ လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း၊ နိုင်ငံတော်မှ ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေများအားလုံးကို ပြန်ကြားရေးဝန်ကြီးဌာနWebportal (www.moi.gov.mm)နှင့် စာပေဗိမာန်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားWebsite များတွင် ပြည်သူများ အချိန်မရွေး အခမဲ့ဖတ်ရှု နိုင်ရန် လွှင့်တင်ထားမည်ဖြစ်ပြီး အခမဲ့ Download ပြုလုပ်နိုင်ရန် စီစဉ်ထားရှိပါကြောင်း။
မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများရှိ စာကြည့်တိုက်ပေါင်း ၄၁၇ ခုတွင် ထုတ်ပြန်ပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများ ကို တစုတစည်းတည်း လွယ်လင့်တကူ ဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက စာကြည့်တိုက်များတွင် ဥပဒေ၊ နည်းဥပဒေစာအုပ်များ ထားရှိနိုင်ရန်အတွက် ဘဏ္ဍာငွေပေါ်မူတည်ပြီး စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ် များ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေလျာထားပြီး တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ နော်လှလှစိုးနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်တို့က ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး က ဥပဒေကြမ်းအရ Agency ၏ ဥက္ကဋ္ဌသည် ဗဟို ကော်မတီတွင် အတွင်းရေးမှူးဖြစ်ပါကြောင်း၊Agency ၏ ဥက္ကဋ္ဌသည် စီမံခန့်ခွဲတတ်ရုံမက မိမိလက်အောက်တွင် ရှိသည့် အဖွဲ့အစည်းများကို ခေါင်းဆောင်မှုပြုနိုင်ရန် လိုပါကြောင်း၊ နိုင်ငံတချို့တွင် ဗဟိုကော်မတီတစ်ဖြစ်လဲGovernment Agency အဖြစ်ထားရှိပြီး အခြား Agency များကို ထပ်မံအားကောင်းအောင် ဖြည့်ဆည်းမှုများ ရှိပါ ကြောင်း၊ အချို့နိုင်ငံများက ဗဟိုကော်မတီမပါဘဲ IP Office (ရုံး)တစ်ဖြစ်လဲ Agencyအဖြစ် ထားရှိ ဆောင်ရွက်ထားသည့်စနစ်များ ရှိပါကြောင်း၊ ယင်းဥပဒေ အရ ဦးစီးဌာနများက အားလျော့နေပြီး Agency ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးကိုပါ တာဝန်ခံရမည့် သဘော သက်ရောက်နေပါကြောင်း၊IP ဥပဒေများသည် မိမိတို့နိုင်ငံ စီးပွားရေး တိုးတက်ရန် FDI များ၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန်အတွက် မဖြစ်မနေ ပြဋ္ဌာန်းရမည့် ဥပဒေဖြစ်ပါ ကြောင်း၊ လက်ရှိအနေအထားတွင် IP ဥပဒေများ မပြဋ္ဌာန်းသေးမီကပင် အကျိုးစီးပွားအုပ်စုများက အပြိုင် အဆိုင်နှင့်ရှိနေကြပြီး အငြင်းပွားဖွယ်ရာများကလည်း ဥပဒေထွက်လာလျှင် ပေါ်ပေါက်လာမည်မှာ မလွဲပါ ကြောင်း၊ ထို့ကြောင့် ဦးစီးဌာနကသော်လည်းကောင်း သို့မဟုတ် IP Office များကသော်လည်းကောင်း၊ စွမ်းဆောင်ရည်ပြည့်နေရန် လိုအပ်ပြီး ဖွဲ့စည်းပုံမှာလည်း စနစ်ကျရန်လိုပါကြောင်း၊Government Agency သည် လိုအပ်လျှင် Police, Customစသည့် Investigation နှင့် ဆိုင်သည့် အဖွဲ့အစည်းများ၊ ICT အဖွဲ့အစည်းများနှင့် တိုးချဲ့ဖွဲ့စည်းပြီး အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်Government Agency၏ အနေအထားသည် ဖွဲ့စည်းမှု နှင့် တာဝန်အပိုင်းများတွင် မရှုပ်မထွေးစေရန်နှင့် တွန်းကန် မှုများ မဖြစ်စေရန် အလေးထားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ဥာဏပစ္စည်းများဆိုင်ရာ အဖွဲ့ဝင် ဖြစ်နေသောကြောင့် အဖွဲ့ဝင်နိုင်ငံများနှင့် ချိတ်ဆက် ရသည့် မှတ်ပုံတင်စနစ်များကို ဆောင်ရွက်လာရမည်ကို တွေ့ရှိပါကြောင်း၊ ဥပဒေများကို သင့်လျော်သည့် ဥပဒေ များနှင့် အစားထိုးပြင်ဆင်ရန်လိုအပ်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
အလားတူ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးက ဆက်လက်ဆွေးနွေးသည်။
ထို့နောက် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုး က အခန်း(၁) ပုဒ်မ (၂) (ဗ)တွင် ဖိုနိုဂရပ်ဆိုသည်မှာ အရုပ်အသံလက်ရာ ပေါင်းစပ်ထည့်သွင်းခြင်းမျိုးမဟုတ်ဘဲ ဖျော်ဖြေတင်ဆက်မှု အသံ၊ အခြားအသံ သို့မဟုတ် တူညီသောအသံတို့ကို ဖိုနိုဂရပ်ဓာတ်ပြား၊ အသံသွင်းတိပ်ခွေနှင့် အခြားကြားခံ ပစ္စည်းတစ်ခုခုတွင် ပေါင်းစပ်ထည့်သွင်းထားခြင်းကို ဆိုလိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ အခန်း(၃) ပုဒ်မ(၄) (က) (၅)တွင် မူပိုင်ခွင့်နှင့် နည်းပညာဆိုင်ရာအဖွဲ့ဝင် ပညာရှင် ငါးဦး၊ (၆)တွင် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အဖွဲ့ဝင်များမှ ကိုယ်စားလှယ်နှစ်ဦးဟု ပြင်ဆင်လိုကြောင်း၊ အခန်း(၄) ပုဒ်မ(၆) (၃)တွင် မူပိုင်ခွင့်နှင့် နည်းပညာအဖွဲ့ဝင် ဆိုင်ရာ ပညာရှင် ရှစ်ဦး၊ (၄) အစိုးရ မဟုတ်သောအဖွဲ့၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ငါးဦးဟူ၍ ပြင်ဆင်လို ပါကြောင်းနှင့် ပုဒ်မခွဲအလိုက် ပြင်ဆင်လိုသည့်အချက် များကို ဆက်လက်ဆွေးနွေးသည်။
အလားတူ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး က ဆက်လက်ဆွေးနွေးသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ကို ဇန်နဝါရီ ၃ဝ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment