Monday, January 1, 2018

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား

Image may contain: 1 person
နိုင်ငံသူ နိုင်ငံသားများခင်ဗျား -
နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး၊ ပြည်သူတွေရဲ့ လူမှု စီးပွားဘဝများ မြင့်မားတိုးတက်ရေးတို့အတွက် တစိုက်မတ်မတ် အလေးထား ကြိုးပမ်းအားထုတ်ခဲ့ရာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
အခုအခါမှာလည်း (၂၁)ရာစုပင်လုံညီလာခံရဲ့ အစည်းအဝေး အဆင့်ဆင့်တွေ ကျင်းပပြီး တိုင်းရင်းသားပြည်သူတွေ လိုလား တောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကြုံတွေ့ရမှာ သဘာဝပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်သူတစ်ရပ်လုံးက အားအင်အပြည့်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင် ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာ ဆန္ဒများအားလုံး ပြည့်ဝနိုင်ကြပါစေ။

No comments:

Post a Comment