Sunday, December 31, 2017

ရာသီကြိုခြေစမ်းပွဲတွင် ရှမ်းယူနိုက်တက်၊ ဇွဲကပင်၊ မကွေးနှင့် ဟံသာဝတီအသင်းတို့ အနိုင်ရ

Image may contain: 4 people, people playing sports and outdoor
ရန်ကုန် ဒီဇင်ဘာ ၃ဝ
၂ဝ၁၈ ရာသီအတွက် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာနေရှင် နယ်လိဂ် ကလပ်အသင်းများသည် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။ ခြေစမ်းပွဲများတွင် ရှမ်း ယူနိုက်တက်အသင်းက GFA အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဟံသာဝတီအသင်း က ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မကွေးအသင်းက Southern အသင်းကို လေးဂိုး-နှစ်ဂိုး၊ ဇွဲကပင်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ်GFA အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး နိုင်ငံခြားသားကစားသမားများ အပါအဝင် အမာခံကစားသမားအများစုဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။ နိုင်ငံခြားသားတိုက်စစ်မှူးနှစ်ဦးဖြစ်သော ခရစ္စတိုဖာ (၂ မိနစ်)၊ ပက်ထရစ် (၆၆ မိနစ်)တို့၏ သွင်းဂိုးများဖြင့် ရှမ်းယူနိုက်တက်အသင်း အနိုင်ရခဲ့ခြင်းဖြစ် သည်။
GFAအသင်းအတွက် ချေပဂိုးကို ၈၉ မိနစ်တွင် အီမာနျူရယ်က သွင်းယူခဲ့ သည်။ ဟံသာဝတီအသင်းမှာမူ နာမည်ကြီး ရတနာပုံအသင်းကို အနိုင်ကစားခဲ့ သည်။ နှစ်သင်းစလုံးတွင် အမာခံကစားသမားအများစု ယှဉ်ပြိုင်ခဲ့ပြီး ဟံသာဝတီ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မိနစ် ၆ဝ တွင် ကျော်ဇေယျက သွင်းယူခဲ့သည်။ ရတနာပုံအသင်းသည် ရာသီကြိုခြေစမ်းပွဲများတွင် နောက်ဆုံး သုံးပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းနှင့်Southern အသင်းတို့ ပွဲမှာ ဂိုးများအပြန်အလှန်သွင်းယူခဲ့ပြီး မကွေးအသင်းအတွက်ဂိုးများကို အောင်မြင့်ထွန်းက နှစ်ဂိုး၊ စိုးမင်းအောင်နှင့် မြတ်ထွန်းသစ်တို့က တစ်ဂိုးစီ သွင်းယူခဲ့ကာSouthern အသင်းအတွက် ဂိုးများကို အောင်မိုးနှင့် ဒီမီထရီတို့က သွင်းယူခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment