Sunday, December 31, 2017

မန္တလေးမြို့ နှစ်သစ်ကူး New Year Count Down ပွဲကို ကျုံးတောင်ဘက်တွင် ပြုလုပ်မည်

Image may contain: night and outdoor
မန္တလေး ဒီဇင်ဘာ ၃ဝ
မန္တလေးမြို့တွင်၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်သို့ ကူးပြောင်းသည့် ကာလ ဖြစ်သော ဒီဇင်ဘာ ၃၁ ရက် ည နှစ်သစ်ကူး New Year Count Downပွဲကို မြို့သူ မြို့သားများ စနစ်တကျနှင့် ပျော်ရွှင်စွာ ဆင်နွှဲနိုင် ရန်အတွက် ကျုံးတောင်ဘက်ခြမ်း မြို့တော်စည်ပင်သာယာရုံးရှေ့တွင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း စည်ပင် သာယာရေးကော်မတီဝင် ဦးကျော် ဆန်းမြင့်က ပြောသည်။
''မန္တလေးမှာ နှစ်သစ်ကူး New Year Count Down နှစ်စဉ်လုပ်ကြတယ်၊ ပျော်ကြ တယ်၊ သူတို့ပျော်တာကို ကျယ်ကျယ် ဝန်းဝန်းနဲ့ စနစ်တကျရှိအောင် ဒီနှစ် မှာ စည်ပင်ရုံးရှေ့မှာလုပ်ဖို့ စီမံပေး တာပါ၊ အရင်နှစ်တွေက ဆီဒိုးနား ဟိုတယ်အနားမှာ လုပ်ကြတယ်၊ ခုဆိုရင် စည်ပင်ရုံးရှေ့မှာ လျှပ်စစ် မီးလုံးတွေထွန်းညှိဖို့ ပြင်ဆင်နေပြီ''ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ပြုလုပ်ရာတွင် မြို့တော် စည်ပင်ဘတ်ဂျက်ငွေကို အသုံးမပြုဘဲ မြို့တော်စည်ပင်တွင်ရှိသော လျှပ်စစ် မီးလုံးများဖြင့် အလှဆင်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် သည်။
''ပျော်ပွဲရွှင်ပွဲတွေ မပါဘူး၊ စည်ပင် ဘတ်ဂျက်ငွေလည်း သုံးစွဲမှာမဟုတ် ဘူး၊ မြို့သူမြို့သားတွေနဲ့ တစ်သားတည်း ဖြစ်အောင်နဲ့ စိတ်ချမ်းသာ ပျော်ရွှင် စေချင်လို့ တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ဆည်းပေးတာပါ၊ လုံခြုံရေးပိုင်း လည်း စီစဉ်ထားပါတယ်''ဟု စည်ပင် သာယာရေးကော်မတီဝင် ဦးကျော် ဇောအောင်က ဆိုသည်။
New Year Count Down နှစ်သစ်ကူးပွဲပြုလုပ်ရာတွင် လုံခြုံရေး အတွက် နယ်မြေခံရဲတပ်ဖွဲ့နှင့် မြို့တော်စည်ပင်သာယာရဲတပ်ဖွဲ့တို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ယူနီဖောင်းနှင့် တပ်ဖွဲ့ဝင်များအပြင် အရပ်ဝတ်များဖြင့်လည်း လုံခြုံရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment