Tuesday, December 26, 2017

ပန်ခါယံ အမကကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံမှJapan Myanmar Association က လှူဒါန်း

Image may contain: 4 people, people standing and outdoor
မိုးကောင်း ဒီဇင်ဘာ ၂၅
မိုးကောင်းမြို့နယ် မရမ်းကျေးရွာ ပန်ခါယံ အမက ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ကချင် ပြည်နယ် အစိုးရအဖွဲ့သို့ အလှူငွေပေးအပ်ပွဲနှင့် ပန္နက် တင်အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
Japan Myanmar Association၏ လမ်းညွှန်မှုဖြင့် Nagata Myanmar Co., Ltd. မှ လှူဒါန်းသည့် ဂျပန် ယန်း သိန်း ၁ဝဝ အကုန်ကျခံ တည်ဆောက်မည့် ပေ (၁၈ဝx၃ဝ)တစ်ထပ်Steel Structure ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိကျောင်းဆောင်သည် ပေ (၈ဝx၃ဝ) အုပ်ညှပ်သွပ်မိုး တစ်ထပ်အဆောက်အအုံဖြစ်ပြီး ဝန်ထမ်း အင်အားလေးဦး၊ ကျောင်းသားမိဘခန့်တာဝန်ပေးတစ်ဦး ဖြင့်KG တန်းမှGrade 4 ထိ ကျောင်းသား ၁၄ဝ ကျော်ကို သင်ကြားနေရသဖြင့် ယင်းကျောင်းဆောင်နှင့် လုံလောက်မှုမရှိသည့်အပြင် မြေနေရာလုံလောက်မှုမရှိ ၍ ဂျပန်အလှူရှင် ပေါ်ပေါက်ချိန်၌ ဦးစားပေးရွေးချယ် လှူဒါန်းကြောင်း သိရသည်။
အဆိုပါကျောင်းတည်ရှိသော မရမ်းကျေးရွာအုပ်စု သည် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးဘေး တွင်ရှိပြီး အိမ်ခြေ ၆ဝဝ ဖြင့် လူဦးရေ ၄၁ဝဝ ကျော် နေထိုင်ကြပြီး မိုးကောင်းမြို့နယ်၏ ဝင်ထွက်ရာဒေသ တစ်ခုဖြစ်ကာ ကချင်တိုင်းရင်းသား အများဆုံးနေထိုင် သော ဒေသတစ်ခုဖြစ်သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းတို့က အမှာစကားပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးဆုံးမှာ ပညာရေးဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိဥာဏ်ပညာရှိသော လူ့ဘောင် အသိုက်အဝန်းတစ်ခုရှိရန် လိုအပ်ကြောင်းနှင့် နိုင်ငံ၏ ပညာရေးတိုးတက်မှသာလျှင် အခြားသော စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ယင်းနောက် Japan Myanmar Association မှ Chairman Mr. Watanabe Hideo နှင့်Nagata Myanmar Co., Ltd. မှMr. Junicni တို့က လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းသည်။
ထို့နောက် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် ဂျပန်ယန်း သိန်း ၁ဝဝ ကို Nagata Myanmar Co., Ltd. မှ ပေးအပ်ပြီး ကချင်ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးက လက်ခံရယူ ပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား ခရစ္စမတ်လက်ဆောင် ပေးအပ်ကြပြီး ကျောင်းဆောင် သစ်အတွက် ပန္နက်တင်မင်္ဂလာ ပြုလုပ်ကြကြောင်း သိရ သည်။
သန်းလွင်ဦး(ပြန်/ဆက်)

No comments:

Post a Comment