Tuesday, December 26, 2017

ကော့သောင်းမြို့တွင် နှစ် (၇ဝ)ပြည့် လွတ်လပ်ရေးနေ့အကြို စုပေါင်း အမှိုက်ကောက်

Image may contain: one or more people, people standing, people sitting and outdoor
ကော့သောင်း ဒီဇင်ဘာ ၂၅
နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့အကြို စုပေါင်း အမှိုက်ကောက်ခြင်း အစီအစဉ်တစ်ရပ်အား ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရွှေဟင်္သာ ရပ်ကွက်ရွာမ လမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက် ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းအစီအစဉ်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကော့သောင်းခရိုင်အလုပ်အမှုဆောင်အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်း၊ ကော့သောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့သန့်ရှင်းရေးဌာနစိတ်မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ အမေ့အိမ်ပညာရေးကွန်ရက်မှ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရွှေဟင်္သာရပ်ကွက်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊
ပိတောက်ရွှေဝါပရဟိတအဖွဲ့သူအဖွဲ့သားများစုပေါင်း၍ ရပ်ကွက် အတွင်း အမှိုက်ကောက်ကြခြင်းဖြစ်သည်။
ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment