Tuesday, December 26, 2017

မတ္တရာမြို့နယ်တွင် ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ တိုးချဲ့မီးလင်းရေး၊ နေ့ကလေးထိန်းကျောင်းနှင့် ရေသန့်စက်စီမံကိန်းများ အောင်မြင်စွာပြီးစီး

Image may contain: 2 people
မတ္တရာ ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကန်ဖြူ ဆယ်မာအူးလ်အွန်ဒုန် စံပြကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA) တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း လုပ်ငန်းများဖြစ်သည့် ကွန်ကရစ်လမ်း၊ ကျောက်ချော လမ်း၊ တိုးချဲ့မီးလင်းရေး၊ နေ့ကလေးထိန်းကျောင်းနှင့် ရေသန့်စက်များဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီက အဆိုကျေးရွာရှိ သာသနဟိတဓမ္မာရုံ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတာဝန်ခံ ဦးအောင်ကိုလတ်က စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်း အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက စီမံကိန်း ပထမနှစ်၊ ဒုတိယနှစ် လုပ်ဆောင်ချက်များနှင့် တတိယနှစ်အတွက် လုပ်ဆောင်မည့် စီမံကိန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားပြီး စီမံကိန်း ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းက ကျေးဇူး တင်စကားပြောကြားသည်။ ထို့နောက် စီမံကိန်းလုပ်ငန်း များဖြစ်သည့် ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ တိုးချဲ့မီးလင်းရေး၊ နေ့ကလေးထိန်းကျောင်းနှင့် ရေသန့်စက်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းမြင့်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးစီးနေမှုကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ ဆယ်မာအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးတက် ရရှိရေး စသည့် ကဏ္ဍကြီးသုံးရပ်ဖြင့် ဆောင်ရွက်ခဲ့ပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးတွင် သင်တန်းများပို့ချခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လေ့လာရေးလုပ်ငန်း များ၊ သတင်းထုတ်ပြန်မှုများနှင့် အစည်းအဝေးများ ဆောင်ရွက်ခဲ့ကြပြီး လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက် ရေးတွင် ကျောက်ချောလမ်း ၁၁၄၄ မီတာအား စီမံကိန်း ရန်ပုံငွေကျပ် ၄၄၅၅ဝဝဝ နှင့် ကျေးရွာလူထုလုပ်အား တို့ဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ကွန်ကရစ်လမ်း ၂၅၉ မီတာအား စီမံကိန်းရန်ပုံငွေကျပ် ၇၁၅ဝဝဝဝ နှင့် ကျေးရွာလူထု လုပ်အားတို့ဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ နေ့ကလေးထိန်းကျောင်း (၈x၆x၃) မီတာ သွမ်းမိုး၊ အုတ်ကာအား ရန်ပုံငွေကျပ် ၅၈ သိန်းနှင့် ကျေးရွာလူထုလုပ်အားတို့ဖြင့် ၁ဝဝ ရာခိုင် နှုန်း၊ တိုးချဲ့မီးလင်းရေးလုပ်ငန်းအား ရန်ပုံငွေကျပ် သိန်း ၄ဝ တို့ဖြင့် ၁ဝဝ ရာခိုင်နှုန်း၊ ရေသန့်စက်စီမံကိန်းအား ရန်ပုံငွေကျပ် ၃၁၂၈၆ဝဝ ဖြင့် ဆောင်ရွက်ခဲ့ပြီး ကျေးရွာနေ ပြည်သူများအား သတ်မှတ်ချိန်အတွင်း အခမဲ့ ဖြန့်ဝေ ပေးနိုင်ခဲ့ပြီး ဝင်ငွေတိုးတက်ရရှိရေးမှ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် အရောင်းအဝယ်သမားများအတွက် ချေးငွေများ ထုတ်ချေးပေးခဲ့ရာ လုပ်ငန်းများ အောင်မြင်ခဲ့သဖြင့် ရန်ပုံငွေတိုးတက်မှု ၁၉ ဒသမ ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့ သည်။ ကန်ဖြူကျေးရွာတွင် အိမ်ထောင်စု ၁၈ဝ နှင့် လူဦးရေ ၅၈၂ ဦးရှိပြီး စီမံကိန်းလုပ်ငန်း၏ ရန်ပုံငွေများ ဖြင့် ဆောင်ရွက်ခဲ့သည့် ကဏ္ဍကြီးသုံးရပ်မှာ အောင်မြင်ခဲ့ သည့်အတွက် ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများဖြင့် လုပ်ငန်း များ အောင်မြင်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment