Monday, December 4, 2017

ငြိမ်းချမ်းရေးဂီတပွဲတော် (၂ဝ၁၇)သီချင်းဆိုပြိုင်ပွဲGrand Final သို့ တက်ရောက်သွားသူ ပြိုင်ပွဲဝင် လေးဦး၏ အမည်စာရင်းကြေညာ

Image may contain: one or more people, people sitting and indoor
ရန်ကုန် ဒီဇင်ဘာ ၃
ငြိမ်းချမ်းရေးဂီတပွဲတော် ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲGrand Finalသို့ တက်ရောက်သွားသူ ပြိုင်ပွဲဝင်လေးဦး ၏ အမည်စာရင်းကိုယနေ့ည ၈ နာရီ ခွဲတွင် ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)Studio-A မှ တိုက်ရိုက်ထုတ်လွှင့် ကြေညာပေးခဲ့ သည်။
ငြိမ်းချမ်းရေးဂီတပွဲတော် Level-3 ပွဲစဉ် (၄)တွင် ပြိုင်ပွဲဝင် ငါးဦးဖြစ်သည့် ဖြူလှ၊ မေသဇင်၊Sa Paung၊ ကြူကြူခိုင်နှင့် မေသူကျော်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်များ၏ Voting အနည်းဆုံး သုံးဦးပေါ်ထွက် လာကာ ယင်းသုံးဦးထဲမှ ဒိုင်များ၏ ပေးမှတ်တူသူနှစ်ဦးSave ဖြစ်ကာ ကြူကြူခိုင်၊ ဖြူလှ၊Sa Paung၊ မေသူကျော်တို့လေးဦးသည် ဒီဇင်ဘာ ၁ဝ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်၌ ကျင်းပမည့် နောက်ဆုံး ပြိုင်ပွဲသို့ တက်ရောက်သွားကြပြီ ဖြစ်သည်။
ယင်းတိုက်ရိုက်ထုတ်လွှင့်မှု အစီ အစဉ်သို့ ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး (တေးဂီတ) ဦးတိုးကျော်နှင့် အကဲဖြတ် ဒိုင်များဖြစ်သော တက္ကသိုလ် ဒေါ်လဲ့လဲ့၊ တေးရေးမြင့်မိုးအောင်၊ ဒေါ်ထားနှင့် တေးရေးမင်းချစ်သူတို့က လာရောက်ပြောကြား ကြေညာပေး ခဲ့သည်။
Grand Final ပွဲတွင် ပြိုင်ပွဲဝင်များ ၏ သီဆိုမှုများအပြင် နိုင်ငံကျော် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှု များလည်း ပါဝင်မည်ဖြစ်သည်။ ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း ၃ဝဝ၊ ဒုတိယဆု ကျပ်သိန်း ၂ဝဝ၊ တတိယဆု ကျပ်သိန်း ၁ဝဝ၊ စတုတ္ထဆု ကျပ်သိန်း ၅ဝ တို့ ဖြစ်ပြီးLevel-3 သို့ တက်လှမ်းလာသည့် ပြိုင်ပွဲဝင် ၁၁ ဦးထဲမှ ကျန် ခုနစ်ဦး သည် နှစ်သိမ့်ဆုများအဖြစ် တစ်ဦး လျှင် ကျပ်သိန်း (၃ဝ) စီရရှိမည်ဟု သိရသည်။
ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်း ဆိုပြိုင်ပွဲကို နိုင်ငံတော်ကဆောင်ရွက် လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ပြည်သူများ၏စိတ်ပါဝင်စားမှု၊ ထောက်ခံပါဝင်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ ပိုမိုရရှိစေရန်နှင့် အထောက်အကူပြုစေရေးတို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)မှ မြို့နေရာများ သတ်မှတ် ကာ ပြိုင်ပွဲများကိုကျင်းပပေးခဲ့သည်။
ငြိမ်းချမ်းရေးဂီတပွဲတော် ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲများကို အဆိုပါပြိုင်ပွဲ ကျင်းပသည့်အချိန်တွင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိသကဲ့သို့MRTV Facebook စာမျက်နှာ ဖြစ်သည့် www.facebook.com/mrtvwebmediaportalနှင့် Peace Music Festival Facebookစာမျက်နှာ www.facebook.com/peacemusicfestival တို့မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်သည်။
ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆို ပြိုင်ပွဲများကို သတ်မှတ်မြို့များ၌ ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးဂီတပွဲတော် မိသားစုနှင့် စေတနာရှင်အလှူရှင် များက ပြိုင်ပွဲကျင်းပရာ မြို့များရှိ တိုက်ပွဲရှောင်(ယာယီ)စခန်းများ၊IDP စခန်းများ၊ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများနှင့် ပရဟိတလုပ်ငန်းများ ဆောင် ရွက်ရာ နေရာဌာနများသို့လည်း သွားရောက်၍ ထောက်ပံ့လှူဒါန်းမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း-ခင်ဇာလီ
ဓာတ်ပုံ-မီချီကိုဟန်

No comments:

Post a Comment