Monday, December 4, 2017

လုယက်မှုကျူးလွန်သူကို စစ်ဆေးရာမှ အခြားလုယက်မှုများ ထပ်မံပေါ်ပေါက်

Image may contain: one or more people and people standing
ရန်ကုန် ဒီဇင်ဘာ ၃
တောင်ဥက္ကလာပမြို့နယ်တွင် နိုဝင်ဘာ ၂ဝ ရက် ည ၉ နာရီခန့်က အမျိုးသမီး နှစ်ဦး သံသုမာလမ်းအတိုင်း နေအိမ်သို့ လမ်းလျှောက် ပြန်လာစဉ် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ်သုံးဦးမှာ နောက်မှ လိုက်ပါလာပြီး ငွေကျပ် ၂ဝဝဝဝ ခန့်ပါ ပိုက်ဆံအိတ်ကို လုယက်ထွက်ပြေးသွားခဲ့သဖြင့် ပတ်ဝန်းကျင် သို့ အကူအညီ တောင်းခံခဲ့ရာ ဆိုင်ကယ်စီးလူငယ်များအား ပတ်ဝန်းကျင်ရှိ ပြည်သူများက လိုက်လံဖမ်းဆီးခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်နေ ကံကောင်း(ခ) ရဲရင့်ထွန်း (၁၉)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ မင်းသူနှင့် အာကာမင်းဝေတို့မှာ ထွက်ပြေးသွားခဲ့ကြောင်း တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်။
ဖမ်းဆီးရမိသူ ကံကောင်း(ခ)ရဲရင့်ထွန်းအား အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ၊ မရှိ အရှေ့ပိုင်း မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင် များက တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် စက်တင်ဘာလအတွင်းက မင်းသူ၊ အာကာမင်းဝေတို့နှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဘေလီတံတားအနီး စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်းနှင့် (၃၆)ရပ်ကွက် ပင်လုံလမ်းမပေါ်တွင် စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်း တို့ကို လည်းကောင်း၊ အောက်တိုဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် ဝေဘာဂီလမ်းနှင့် နွယ်သာဂီလမ်းထောင့်အနီး၌ လမ်းလျှောက် နေသူ အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်ရှိ လမ်းပေါ်တွင် စက်ဘီးစီးနေသူ အမျိုးသား တစ်ဦးထံမှ လက်ကိုင်ဖုန်းနှစ်လုံးကို လည်းကောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၆)ရပ်ကွက် ဗထူးလမ်းပေါ်တွင် လမ်းလျှောက် နေသူ အမျိုးသမီးတစ်ဦးထံမှ လက်ကိုင်ဖုန်းကို လည်းကောင်း၊ နိုဝင်ဘာလအတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၉)ရပ်ကွက် ဈေးအနီး စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်းကို လည်းကောင်း အသီးသီး လုယက် ယူကာ ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment