Thursday, December 28, 2017

မြန်မာ့စာတိုက်လုပ်ငန်းနှင့် CB Bank တို့ မြန်မာပြည်အနှံ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်

Image may contain: 5 people
ရန်ကုန် ဒီဇင်ဘာ ၂၇
မြန်မာ့စာတိုက်လုပ်ငန်းနှင့် CB Bank တို့ ပူးပေါင်း၍ မြန်မာပြည်အနှံ့ ငွေလွှဲဝန်ဆောင်မှု မိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက ရွိုင်ရယ်နေပြည်တော်ဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ မြန်မာ့စာတိုက် လုပ်ငန်းမှ တာဝန်ရှိသူများနှင့် CB Bank မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ့စာတိုက်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် က အဖွင့်အမှာစကားပြောကြားပြီး CB Bank ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွေးက အမှာစကားပြောကြားကာ CB Bank ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ထွန်းက ဝန်ဆောင်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခင်မောင်ဝင်း (ကြေးမုံ)

No comments:

Post a Comment