Thursday, December 28, 2017

မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး

Image may contain: 3 people, indoor
မိုးမိတ် ဒီဇင်ဘာ ၂၇
မိုးမိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၂ ရက်က ကျင်းပသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်က မူးယစ်ဆေးဝါးနှင့် ပတ်သက် ၍ ထိရောက်စွာ အရေးယူသင့်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တက်ကြွသောလူငယ်များဖွဲ့စည်းပြီး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဖမ်းဆီးနိုင်ရေး တင်ပြဆွေးနွေးခဲ့ရာ ခရိုင်ဥပဒေအရာရှိ ဦးကျော်သူနှင့် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရွှေဦးတို့က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ် နှိမ်နင်းရေး ဆောင်ရွက်မှုများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကို ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူ အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment