Saturday, December 2, 2017

နယ်စပ်ဒေသရှိ တိုင်းရင်းသူများအတွက် ယခုထက် ပိုမို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ပေး

Image may contain: 2 people, people standing, bedroom and indoor
လွိုင်ကော် ဒီဇင်ဘာ ၁
လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းခန်းမ၌ ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီက အခြေခံအိမ်တွင်းမှု သင်တန်းကျောင်း အမှတ်စဉ် (၆၉/ ၂ဝ၁၇) ၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၄၈/၂ဝ၁၇)၊ ကယား ရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၁၃/၂ဝ၁၇)နှင့်အခြေခံသိုးမွှေးစက် ဆွဲသင်တန်းအမှတ်စဉ် (၁ဝ/၂ဝ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပ သည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သင်တန်းမှ ပို့ချပေးသော ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် အခြေခံပညာရပ်များ သင်ကြားပေး ပြီးဖြစ်ရာ သင်တန်းသူများ အနေဖြင့် မိမိကိုယ်တိုင် ဝါယမစိုက်ထုတ်ပြီး ထပ်မံလေ့လာကြိုးပမ်း ရန်လိုအပ် ကြောင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအထိ အမှန်တကယ် တက်ရောက်လိုသူများ သိရှိစေရေး ပိုမိုထိရောက်အောင် ပူးပေါင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင် တန်းအလိုက် ဘာသာရပ်များအား ထိရောက်စွာ သင်ကြားပေးလျက် ရှိရာ နယ်စပ်ဒေသရှိ တိုင်းရင်းသူ များအတွက် ယခုထက်ပိုမို ထိရောက်အောင်မြင်အောင် ဆောင် ရွက်ပေးစေလိုကြောင်း၊ သင်တန်းပြီး မြောက်ပါကလည်း လက်တွေ့ နယ်ပယ်တွင် သင်တန်းမှ ပို့ချသည့် ပညာရပ်များအား အမှန်တကယ် အသုံးချသွားရန်နှင့် ဆက်လက်လေ့ လာဆည်းပူးသွားရန်လိုအပ်ကြောင်း အဖွင့်အမှာစကားတွင်ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီး ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့က အဆင့်မြင့်စက်ချုပ်သင် တန်း ထူးချွန်ဆု ၊ အခြေခံအိမ်တွင်းမှု သင်တန်းထူးချွန်ဆု၊ ကယားရိုးရာ ဂျပ်ခုတ်သင်တန်း ထူးချွန်ဆု၊ အခြေခံ သိုးမွှေးစက်ဆွဲ သင်တန်းထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင် လက်မှတ်များကို ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူများအားလုံး ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
အခမ်းအနား အပြီးတွင် တက် ရောက်လာကြသည့် ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များက သင်တန်းသူများ၏ အိမ်တွင်းမှုလက်ရာများအား ကြည့်ရှု အားပေး ခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment