Saturday, December 2, 2017

တောင်သမန်အင်းအတွင်း ကွန်ပစ်ငါးဖမ်းသည့်ဓလေ့ နိုင်ငံတကာခရီးသွားများ နှစ်သက်စွာ မှတ်တမ်းဓာတ်ပုံရိုက်ကူး

Image may contain: outdoor, water and nature
မန္တလေး ဒီဇင်ဘာ ၁
မန္တလေးသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံတကာခရီး သွားဧည့်သည်များ ယခုရာသီတွင် တောင်သမန်အင်း အတွင်း ဒေသခံများ၏ ကွန်ပစ်ငါးဖမ်းသည့် ဓလေ့ကို နှစ်သက်စွာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးလျက်ရှိကြောင်း သိရသည်။
ယခုရာသီတွင် တောင်သမန်အင်း၏ သဘာဝသည် ရေများကျဆင်းလျက်ရှိသည့်အတွက် အချို့နေရာများတွင် မြေနုကျွန်းများပေါ်လာပြီး ၎င်းနေရာများတွင် ဒေသခံများ မှ ထွန်ယက်စိုက်ပျိုးကြသဖြင့် စိမ်းစိုနေသော စိုက်ခင်းကြီး များအလယ်တွင် တင့်တယ်စွာတည်ရှိနေသော ဦးပိန် တံတားကြီး၏ အလှတရားနှင့်အတူ အချိန်မှန်ရောက်ရှိ လာတတ်သော ဆောင်းခိုငှက်များ ရောယှက်ပေါင်းစပ် စေခြင်းဖြင့် ဟေမာန်ဆောင်းအလှကို ထင်ဟပ်ဖော်ကြူးနေ သော ပန်းချီကားကြီးတစ်ချပ်ပမာ ကြည့်ရှုသူများ စိတ် နုလုံးကို အေးချမ်းမှုရသများ ပေးစွမ်းလျက်ရှိနေသည်။
''ဒီလိုအချိန်မှာ နိုင်ငံတကာခရီးသွားတွေက မနက်ခင်း ဆို ဆောင်းခိုငှက်တွေရဲ့ သဘာဝအလှနဲ့ အင်းအတွင်း ကွန်ပစ်ပြီးငါးဖမ်းကြတဲ့ ဒေသခံတွေရဲ့ ဓလေ့ကို ငှက်လှေ စီးပြီး နှစ်သက် သဘောကျစွာ မှတ်တမ်းဓာတ်ပုံရိုက်လေ့ ရှိကြသလို ညနေခင်းမှာလည်း လှေစီးပြီးSun set ကြည့် ဖို့လာကြတယ်၊ ဒီတောင်သမန်အင်းထဲမှာရှိနေတဲ့ သဘာဝ အလှတွေက သူတို့အတွက် အကောင်းဆုံး ခရီးသွား မှတ်တမ်းတွေပါပဲလို့ အမြဲပြောကြတယ်''ဟု တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်က ပြောသည်။
ငှက်လှေငှားရမ်းနှုန်းများအနေဖြင့် ငှက်လှေတစ်စင်းလျှင် ငွေကျပ် ၈ဝဝဝ၊ ပြည်ပဧည်သည်များအတွက် တစ်စင်းလျှင် နှစ်ယောက်စီး ငွေကျပ် ၁၂ဝဝဝနှင့် လေးယောက်စီး ငွေကျပ် ၁၅ဝဝဝ ဖြစ်၍ ညနေ ၅ နာရီခန့်မှ နေဝင်သွားချိန်
အထိ ကြာမြင့်ကြောင်း သိရသည်။
ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံ တကာ ခရီးသွားဧည့်သည် လေးသိန်းကျော်ဝင်ရောက်ရန် ခန့်မှန်းထားပြီး လက်ရှိ ဇန်နဝါရီမှ အောက်တိုဘာလအထိ ၃၇၄၂၂၁ ဦးဝင်ရောက်လျက်ရှိကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှူဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment