Saturday, December 2, 2017

ရန်ကုန်တက္ကသိုလ်ကို လူငယ်တွေရဲ့ လှုပ်ရှားမှုနဲ့ အမြဲတမ်း လှုပ်ရှား အသက်ဝင် နေစေချင်ပါတယ်

Image may contain: 1 person, phone and closeup
ယနေ့စတင်ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် အနုပညာလိုက်စားလူငယ်များခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် လူငယ်ဒါရိုက်တာအောင်မြတ်နှင့် စာရေးဆရာမ ပုညခင်တို့၏ ဆွေးနွေးပွဲကျင်းပရာ ရန်ကုန်တက္ကသိုလ်RC ခန်းမတွင် လူငယ်များ စိတ်ပါဝင်စားစွာ နားဆင်ပါဝင်ဆွေးနွေးလျက်ရှိကြသည်။ သစ်ပုပ်ပင်အနီးရှိ ရှားပါးစာအုပ်များ ခင်းကျင်းပြသရာနေရာနှင့် ထင်ရှားသောစာရေးဆရာကြီးများ၏ ဓာတ်ပုံများ ခင်းကျင်းပြသရာနေရာတို့တွင်လည်း လူငယ်များက အများအပြား၊ ဝိဇ္ဇာခန်းမရှေ့ရှိ တိုင်းရင်းသားအမျိုးသား၊ အမျိုးသမီးရုပ်တုများတွင်လည်း အမှတ်တရဓာတ်ပုံရိုက်နေကြသူများက မနည်းလှ၊ စီးပွားရေးတက္ကသိုလ်ရှေ့ရှိ အလုပ်အကိုင်အခွင့်အလမ်းပြခန်းများနှင့် အဓိပတိ လမ်းတစ်လျှောက် အသိပညာပေးပြခန်းများတွင်လည်း လူငယ်များအုန်းအုန်းကျွက်ကျွက်နှင့် စည်ကားလျက်ရှိသည်။ သို့နှင့် မြန်မာ့သတင်းစဉ်က အဆိုပါကဏ္ဍများမှ သက်ဆိုင်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို တင်ပြလိုက်ရပါသည်။
စာရေးဆရာမ ပုညခင် (အနုပညာ လိုက်စားလူငယ်များခေါင်းစဉ်ဖြင့် ဆွေးနွေးသူ)
Talk Showဆွေးနွေးပွဲလေးပါ၊ လူငယ်တွေဟာ ကျောင်းစာသင်ရင်းနဲ့ သူတို့မှာ အနုပညာစိတ်ဖြစ်ပေါ်လာမှု ဘယ်လိုမျိုး အခက်အခဲတွေရှိလဲ၊ သူတို့ပတ်ဝန်းကျင်က သူတို့ရဲ့ အနု ပညာစိတ်ဖြစ်လာအောင် ကူညီပံ့ပိုးမှု ရှိရဲ့လား၊ ပြီးတော့ ဒီနယ်ပယ်မှာ ရောက်နေရင် လူငယ်တွေ ကျောင်း တက်ရင်းနဲ့ အနုပညာစိတ် ဘယ်လို မျိုးဖြစ်လာအောင် လုပ်ပေးလဲ၊ ဘယ်လို လှုံ့ဆော်ပေးလဲ၊ အနုပညာရှင် တစ်ယောက်အနေနဲ့ အခက်အခဲ တွေကို ရုန်းကန်ရာမှာ ဘယ်လိုစိတ် ဓာတ်ခွန်အားတွေနဲ့ ကျော်လွှားခဲ့ရ သလဲဆိုတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြမှာ ဖြစ်ပါတယ်၊ လူငယ် တွေရဲ့အသံကို အပြန်အလှန်ကြား ချင်တာပါ၊ အခုရောက်လာတဲ့ ပရိ သတ်တွေထဲကလည်း သူတို့ရဲ့ အခက် အခဲကို တိုင်ပင်၊ မေးမြန်းဆွေးနွေးနိုင် ပါတယ်၊ ကျွန်မတို့ကလည်း ဖြေပေးပါ မယ်၊ လူငယ်တွေရဲ့ အခက်အခဲကို သက်ဆိုင်ရာလူကြီးတွေသိပြီး ဖြည့် ဆည်းပေးနိုင်ဖို့အတွက် မျှော်လင့်ပါ တယ်၊ ဒီလိုလူအများနဲ့ စည်ကားတာ တွေ့ရတဲ့အတွက်လည်း ရန်ကုန် တက္ကသိုလ်က ပိုပြီး အသက်ဝင်လာ တယ်လို့ မြင်ပါတယ်၊ ရန်ကုန်တက္ကသိုလ် ကို လူငယ်တွေရဲ့လှုပ်ရှားမှုနဲ့ အမြဲ တမ်းလှုပ်ရှားအသက်ဝင် နေစေချင်ပါ တယ်၊ ဒီလိုပွဲလုပ်ပေးခြင်းအားဖြင့် ရန်ကုန်တက္ကသိုလ်ကို လှပစိုပြည်လှုပ် ရှားစေမယ့် ပွဲတစ်ခုလို့မြင်ပါတ
ယ်၊ ပွဲပြီးသွားရင် ဒီပွဲကနေ တက္ကသိုလ် အတွက် ၊လူငယ်တွေအတွက် ရလဒ် တစ်ခုခုကျန်ခဲ့တာမျိုးဖြစ်စေချင်ပါတယ်။
လူငယ်ဒါရိုက်တာအောင်မြတ်
(အနုပညာလိုက်စား လူငယ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးသူ)
အဓိကက လူငယ်တစ်ယောက် အနေနဲ့ အနုပညာအပေါ် ခံယူချက်၊ အနုပညာကလူငယ်တွေနဲ့ ဘယ်လောက် အထိ ထိစပ်မှုရှိပြီး အရေးပါသလဲ ဒါကို စာရေးဆရာမ ပုညခင်ရဲ့ ဖိတ် ကြားချက်နဲ့ လာရောက်ဆွေးနွေး တာဖြစ်ပါတယ်၊ အနုပညာဆိုတာ အသက်အရွယ်ပိုင်းခြားတဲ့ တစ်ခုမဟုတ် ပါဘူး၊ နိုင်ငံတကာရဲ့ ဘာသာရပ် တစ်ခုဖြစ်ပါတယ်၊ အနုပညာဆိုတဲ့ ဘာသာရပ်က ဘယ်သူမဆို နားလည် ခံစားလို့ရတယ်၊ အနုပညာကို လူကြီး တွေတင် မကပါဘူး၊ လူငယ်တွေပါ ပါဝင်ပတ်သက်ပြီး ဆင်နွှဲလို့ရတယ် ဆိုတာ ဖော်ပြခွင့်ရတယ်ဆိုတဲ့အတွက် ဒီလိုပွဲမျိုးစီစဉ်တာ အတော့်ကိုအကျိုး ရှိပါတယ်၊ ကျွန်တော်လည်း လူငယ် တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်တွေ အရင်ကထက် အခွင့်အရေးတွေ ပိုပြီးရှိလာတယ်၊ ဒီလိုအကျိုးကျေးဇူးတွေကိုအသုံးချပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို လက်ဆင့်ကမ်းပြီး ထမ်းဆောင်နိုင်အောင်လို့ တာဝန်ရှိ ပါတယ်၊ တာဝန်ယူရမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
ဒေါ်အေးအေးလွင် (ဦးစီးအရာရှိ၊ လူမှုဝန်ထမ်းဦးစီးဌာန (ရန်ကုန်))
မူးယစ်ဆေးဖြတ်ပြီးသူများ
ပြန်လည်တည်ထောင်ရေးစခန်းပြခန်း
မူးယစ်ဆေးဝါးတွေ လူငယ်ထု အတွင်းမှာ ပျံ့နှံ့နေတဲ့အတွက် လူငယ် တွေ မူးယစ်ဆေးစွဲရင် တချို့က ဆေး ဘယ်လိုကုရမယ်ဆိုတာ မသိကြဘူး၊ ဆေးစွဲနေရင် ကုသလို့ရတယ်၊ ရွာသာ ကြီး စိတ်ကျန်းမာရေးဆေးရုံမှာ နှစ်ပတ် လောက်ကုသရင် ပျောက်ကင်းနိုင်ပါ တယ်၊ ဆေးကုသပြီးရင်တော့ နောက် ထပ်မူးယစ်ဆေး ပြန်လည်တောင့်တမှု တွေကို ချေဖျက်ဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်မှုတွေ လုပ်ပေးပါတယ်၊ အရင်တုန်းကတော့ နေရာအခက်အခဲ ကြောင့် သင်တန်းသားလက်ခံနိုင် ခြင်းမရှိပါဘူး၊ အခုသင်တန်းသားတွေ လက်ခံဖို့ ပြင်ဆင်မှုတွေ ဆောင် ရွက်နေပါတယ်၊ ဒီစခန်းကနေ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးမှာဖြစ်ပါတယ်၊ ဒါကြောင့် လူငယ်တွေအတွက် သတင်းပေးချင် လို့ ဒီပြခန်းကို ပါဝင်ပြသရခြင်းဖြစ် ပါတယ်။
ဦးကျော်ခိုင်ဝင်း (စာပေဗိမာန်၊ စာကြည့်တိုက်မှူး)
ရှားပါးစာအုပ်များခင်းကျင်းပြသရေးပြခန်း
ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေ ဗိမာန်က ဒီပြခန်းကို ပါဝင်ပြသတာဖြစ် ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် က အပြင်မှာရှာလို့မရနိုင်တဲ့ ရှားပါး စာအုပ်တွေကို ပြည်သူတွေကို ကြည့်ရှု နိုင်ဖို့ ခင်းကျင်းပြသထားပါတယ်၊စာပေဗိမာန်က ဦးစီးထုတ်ဝေထားတဲ့ ဦးနုလက်ထက်က စာအုပ်တွေ၊ နှစ် ပေါင်းငါးဆယ်ကျော်က လူမှုရေးရာ၊ ယဉ်ကျေးမှုရေးရာ၊ သိပ္ပံရေးရာတွေ အပြင် ၁၉၅၂ ခုနှစ် ၁၉၅၉ ခုနစ် အထိ စာပေဗိမာန်မှ ထုတ်ဝေခဲ့တဲ့ စာပေဗိမာန် မဂ္ဂဇင်း၊ စာပေဗိမာန် စွယ်စုံကျမ်း၊ ပြည်သူ့လက်စွဲစာစဉ် တွေကိုလည်း ပြသထားပါတယ်၊ ဒီ စာအုပ်တွေကို ပြည်သူတွေ ဈေးနှုန်း ချိုသာစွာနဲ့ ဝယ်ယူနိုင်ဖို့ကိုလည်း စီစဉ်ထားပါတယ်၊ ဗလငါးတန် ဖွံ့ဖြိုး ဖို့ စာအုပ်စာပေဖတ်ကြစို့ ဆိုတဲ့ အတိုင်း လူငယ်တွေ ဒီပြခန်းကို လာရောက်လေ့လာပါ၊ စာပေတွေကို ဖတ်ကြည့်ပါ၊ ဘဝအတွက် အထောက် အကူဖြစ်မှာပါလို့ ပြောချင်ပါတယ်။
ဦးကျော်ရှင်နောင်
(လက်ထောက်ညွှန်ကြားရေးမှူး၊ အမျိုးသားပြတိုက်(ရန်ကုန်))
ဒီပြခန်းက သာသနာရေးနဲ့ ယဉ် ကျေးမှုဝန်ကြီးဌာနက တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ဝတ်စားဆင်ယင်မှု၊ ရိုးရာတူရိယာတွေ၊ ရိုးရာအစားအစာ တွေ၊ တိုင်းရင်းသား ရှစ်မျိုးတို့ရဲ့ ဝတ်စုံတွေနဲ့ ရုပ်တုတွေ၊ တူရိယာတွေ နဲ့ ခင်းကျင်းပြသထားတဲ့ ပြခန်းဖြစ်ပါ တယ်၊ ဝိဇ္ဇာဆောင်ရဲ့ မြက်ခင်းပြင်မှာ တိုင်းရင်းသား ရှစ်မျိုးတို့ရဲ့ ဝတ်စုံ ရုပ်တုတွေနဲ့ ဓာတ်ပုံရိုက်နိုင်အောင် စီစဉ်ထားပါတယ်၊ ဒီပြခန်းက ယဉ်ကျေးမှုဆိုင်ရာ၊ အမွေအနှစ် ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကို လူငယ်တွေ လေ့လာနိုင်မှာ ဖြစ်ပါ တယ်၊ ဒီပွဲတော်လိုမျိုး တစ်နှစ်တစ်ခါ ပုံမှန်ကျင်းပဖြစ်ရင် လူငယ်တွေ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင် တတ်တဲ့ အလေ့အကျင့်တွေရလာပြီး စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်လေး တွေ ပေါ်လာမယ်လို့ မြင်ပါတယ်။
ဦးသန်းစိုး (အယ်ဒီတာချုပ်၊ အခွင့်အလမ်းဂျာနယ်)အလုပ်အကိုင်အခွင့်အလမ်းပြခန်း
ဒီပွဲတော်မှာ အလုပ်အကိုင်အခွင့် အလမ်းပြပွဲ (Job Fair) ထည့်ချင်တဲ့ အတွက် ကုမ္ပဏီတွေကို ဖိတ်ပြီး ပါဝင် တာဖြစ်ပါတယ်။ အလုပ်ရှာနေတဲ့ လူငယ်တွေ၊ ကျောင်းတက်နေတဲ့ လူငယ်တွေအတွက် ဘယ်လိုအလုပ် တွေခေါ်တတ်သလဲ၊ အလုပ်ခေါ်တတ် တဲ့ ကုမ္ပဏီတွေက ဘာတွေလဲဆိုတာ အသိပညာရစေချင်တဲ့အတွက် ကုမ္ပဏီ ၃၂ ခုနဲ့ ချိတ်ဆက်ပြီး ပါဝင်ပြသတာ ဖြစ်ပါတယ်၊ ဒီပွဲကို လာရောက်ကြည့်ရှု ရင် လုပ်ငန်းခွင်ဝင်ဖို့ ဘာတွေပြင်ဆင် ရမယ်ဆိုတာ လူငယ်တွေ သိသွားမယ်၊ နားလည်သွားမယ်၊ လူငယ်ဆိုတာ တစ်ချိန်မှာ လူကြီးဖြစ်သွားမယ့် သူတွေဖြစ်ပါတယ်၊ ဒီပြခန်းတွေကို ကြည့်ခြင်းအားဖြင့် လူငယ်တွေကို တစ်ခုခုရသွားစေချင်တာပါ။
ဦးသိမ်းစိုး( သိမ်းစိုး- သီဟရတနာ)ထင်ရှားသောစာရေးဆရာကြီးများ၏ ဓာတ်ပုံများပြခန်း
အဓိကကလူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ လူငယ်တွေ လာရောက် ကြည့်ရှုကြမှာ ဖြစ်တဲ့အတွက် လူငယ် တွေကို ရှေးခေတ် စာရေးဆရာ ဆရာမ ကြီးတွေ မြင်ဖူး၊ တွေ့ဖူးပြီး ဗဟုသုတ ရသွားစေချင်တာပါ၊ ၁၈၈ဝ ပြည့်နှစ် နောက်ပိုင်းမှ ယနေ့အထိ စာရေး ဆရာကြီး ဆရာမကြီးများ ဓာတ်ပုံ တွေပါဝင်ပြသထားတယ်၊ ဒီပြခန်းကို လာရောက် ကြည့်ရှုခြင်းအားဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ စာပေနဲ့ ပတ်သက်ပြီး စာရေးဆရာတွေ ဘယ် လောက်ပေါ်ထွန်းခဲ့သလဲ စာကောင်း ပေမွန်တွေ အများကြီးပေါ်ထွက်ခဲ့ တယ်ဆိုတဲ့ သမိုင်းကြောင်းကိုလူငယ် တွေ သိစေချင်တာပါ။
တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ- လှမိုး

No comments:

Post a Comment