Saturday, December 2, 2017

လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ဟောပြောဆွေးနွေးမည့် ရန်ကုန်တက္ကသိုလ် ပါမောက္ခများ၏ စကားသံများ

Image may contain: 1 person, standing
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်၌ ဒီဇင်ဘာ ၁ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ပွဲတော်ကာလ သုံးရက်အတွင်း စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာလှုပ်ရှားမှုများ၊ IT နှင့် သိပ္ပံနည်းပညာဆိုင်ရာ လှုပ်ရှားမှုများပါဝင်မည်ဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲတော်များ၊ လူငယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများဖြင့် ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်ဘာသာရပ်ဌာန ၂၁ ခုမှ ပြခန်းများပါဝင်မည် ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများက ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ နေ့စဉ် နံနက် ၁ဝ နာရီမှ ၁၁ နာရီအထိ ပြခန်းအသီးသီးတွင် ရှင်းလင်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများကို မြန်မာ့သတင်းစဉ်က ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။
ဒေါက်တာနီဝင်းဇော်(ပါမောက္ခ/ဌာနမှူး၊ စာကြည့်တိုက်နှင့် သုတပညာဌာန၊ ရန်ကုန်တက္ကသိုလ်)
ကျွန်မတို့ဌာနက ဘွဲ့ကြိုတန်းကနေ ပါရဂူတန်းတွေအထိ သင်ကြားပို့ချ နေပါတယ်၊ စာကြည့်တိုက်တွေမှာ စာအုပ်တွေကို ဘယ်လိုစီမံခန့်ခွဲမယ်၊ အခု အီလက်ထရွန်နစ်ခေတ်ဖြစ်လာတဲ့အတွက်e Resources တွေကို ဘယ်လိုစီမံ ခန့်ခွဲမယ်၊ ဒစ်ဂျစ်တယ် Library တွေ ဘယ်လိုတည်ထောင်မယ် စသဖြင့် စာကြည့်တိုက်နဲ့ သတင်းအချက်အလက် စီမံခန့်ခွဲတဲ့ပညာကို သင်ကြားပို့ချနေ တာဖြစ်ပါတယ်၊ ထူးချွန်ကျောင်းသားတွေက အင်္ဂလိပ်စာရမှတ် ၆ဝ နဲ့ စုစုပေါင်း ရမှတ် ၃၈ဝ ရရင် ပထမနှစ်သင်တန်းကို တက်ရောက်လို့ ရပါတယ်၊ ဒီပလိုမာက တော့ ဘွဲ့လွန်သင်တန်းဖြစ်တဲ့အတွက် ဘွဲ့တစ်ခုရပြီးရေးဖြေ၊ နှုတ်ဖြေဝင်ခွင့် စာမေးပွဲဖြေဆိုရပါတယ်၊ အောင်မြင်ရင် ဒီပလိုမာ သင်တန်းတက်ခွင့်ရပါတယ်၊ အခုကတော့ စာကြည့်တိုက်နဲ့ သုတပညာ ဘာသာရပ်က တော်တော်လေးခေတ် စားလာပါတယ်၊ စာကြည့်တိုက်တွေလည်း ဖွံ့ဖြိုးလာတယ်၊ ဒစ်ဂျစ်တယ် Libraryခေတ်ကို ဦးတည်နေတဲ့အတွက် စီမံခန့်ခွဲတတ်အောင်သင်ကြားနေပါတယ်၊ ဒီဘာသာရပ်ကို လူငယ်တွေ စိတ်ဝင်တစားလေ့လာကြစေချင်ပါတယ်၊ ဒီဘာသာရပ်ကို သိသွားပြီဆိုရင် ဘယ်ဘာသာရပ်ကိုမဆို သင်ကြားဖို့လွယ်ကူ မယ်လို့ ထင်ပါတယ်။
ဒေါက်တာနီလာကြူ (ပါမောက္ခ/ဌာနမှူး၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ်)
ကျွန်မတို့ဌာနက စိတ်ပညာကျောင်းသားတွေကို ဘွဲ့ကြို၊ ဘွဲ့လွန်၊ မဟာ တန်း၊ ပါရဂူဘွဲ့တွေနဲ့ ဒီပလိုမာသင်တန်းတွေလည်း ပေးနေပါတယ်၊ ကျောင်းဝင် ခွင့်ရချင်တယ်ဆိုရင် စုစုပေါင်းရမှတ် ၃၈ဝ နဲ့ အင်္ဂလိပ်စာအမှတ် ၆၅ မှတ် ရှိရမှာ ဖြစ်ပါတယ်၊ ကျွန်မတို့က ကျောင်းသားတွေကို စာသင်ကြားပေးတဲ့အပြင် လက်တွေ့ရအောင် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနဝင်းထဲမှာ ဆိုက်ကိုလော်ဂျီ Clinic တစ်ခုကို ဖွင့်ပေးထားပါတယ်၊ ရည်ရွယ်ချက်က ကျောင်းသားတွေက Anger၊ Anxiously၊ Depression လို ဖြစ်နေသူတွေကို ကောင့်ဆဲလ်လင်း လုပ်ပေးပါတယ်၊ နောက်ပြီး ကျောင်းသားတွေ ကျောင်းဝင်ခွင့်အတွက်IQ၊ EQ Test တွေကို စစ်ဆေးပေးပါတယ်၊ ရေရှည်မှာ ဦးတည်ထားတာက သိပ်ပြီး မပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာStress၊ Depressionတွေရှိတယ်ဆိုရင် စိတ်ကျန်းမာရေး ဆေးရုံ၊ ဆေးခန်းတွေသွားဖို့ ဝေးတယ် အခက်အခဲရှိတယ်ဆိုရင် အခမဲ့ကောင့်ဆဲလ်လင်းလုပ်ပေးပါတယ်၊ ကျောင်းသားတွေအတွက်က Clinical Physiologlst တစ်ယောက် Professional ဖြစ်ဖို့ဆိုရင် ဆရာဝန်တွေ ဆေးရုံ မှာHouse ဆင်းရသလိုပဲ လက်တွေ့ဆင်းရပါတယ်၊ အခုလို ဖွင့်လိုက်တဲ့အတွက် လူနာရှိတော့ ကလေးတွေလည်း လက်တွေ့ဆင်းလို့ရအောင် ဆိုက်ကိုလော်ဂျီ Clinicတစ်ခုစဖွင့်ပေးနေပါတယ်၊ ကျောင်းသားကို ဦးတ
ည်တယ်ဆိုပေမယ့် ဘယ်သူမဆို ပြဿနာရှိလို့ လာဆွေးနွေးချင်တယ်ဆိုရင် အခမဲ့ကောင့်ဆဲလင်း လုပ်ပေးပါတယ်၊ အသက်မွေးဝမ်းကျောင်းအနေနဲ့ကတော့ ဆိုက်ကိုလော်ဂျီရဲ့ နယ်ပယ်က ကျယ်ပြန့်ပါတယ်၊ စိတ်ပညာဆိုတာ လူတွေအကြောင်းကိုလေ့လာပြီး ဘဝတွေကို ပိုမြှင့်တင်ပေးဖို့ ဖြစ်ပါတယ်၊ ကျောင်းသားဆိုရင်လည်း ပညာရေးမှာ ပိုထူးချွန်အောင်၊ ဝန်ထမ်းဆိုရင်လည်း ပျော်ရွှင်တဲ့ ဝန်ထမ်းဖြစ်အောင်၊ နေ့စဉ် ဘဝဆိုရင်လည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ ကျွန်မတို့ စိတ်ပညာက သုတေသနတွေလုပ်နေပါတယ်၊ လူတွေက သူတို့ရဲ့ ပြဿနာတွေကို ကျွမ်းကျင်တဲ့ Physiologistတစ်ယောက်ဆီမှာ ပြောပြမယ်ဆို ရင် သူရဲ့အကူအညီနဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကို အမြန်ဆုံးရ နိုင်တဲ့အတွက် အခြားနိုင်ငံတွေမှာတော့ အနုပညာရှင်တွေ၊ နာမည်ကျော်ကြားသူ တွေ၊ စီးပွားရေးပညာရှင်တွေကတော့ စိတ်ပင်ပန်းလာပြီ၊ စိတ်ဓာတ်ကျလာ ပြီဆိုရင် ကောင့်ဆဲလ်လင်းလုပ်လိုက်တဲ့အတွက် ဆိုးဆိုးရွားရွားမဖြစ်တော့ဘူး၊ ကျွန်မတို့ နိုင်ငံမှာတော့ အခုမှစနေပါသေးတယ်၊ အဲဒီလို လုပ်ပေးနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတာ၊ စိတ်ကျန်းမာရေးဆေးရုံ ရောက်သွားတာ၊ စိတ်ဖိစီးမှုကို နည်းလမ်းမမှန်ဘဲ ဖြေရှင်းတဲ့အရက်စွဲတာ၊ ဆေးစွဲတာမျိုးတွေ
မဖြစ်တော့ပါဘူး၊ ဒီလိုအသက်မွေးဝမ်းကျောင်း ပညာရှင်မျိုးတွေကို ကျွန်မတို့ မွေးထုတ်ပေးနေပါတယ်။
ဒေါက်တာပိုးပိုး (ပါမောက္ခ/ဌာနမှူး၊ အင်္ဂလိပ်စာဌာန၊ ရန်ကုန်တက္ကသိုလ်)
အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး B.A (Eng)အတွက် ပထမနှစ်ကနေ နောက်ဆုံး နှစ်အထိ သင်တန်းတွေနဲ့ ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း၊ အင်္ဂလိပ် စာသင်ကြားရေး ဒီပလိုမာသင်တန်းတွေလည်း ဖွင့်နေပါတယ်၊ မဟာတန်းတွေ၊ ပါရဂူတန်းတွေလည်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်၊ အင်္ဂလိပ်မေဂျာကို ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ဖို့ဆိုရင် အင်္ဂလိပ်စာဂုဏ်ထူးထွက်ရပါမယ်၊ ရမှတ်စုစုပေါင်းက ၄၅ဝ ကျော်ရရှိရပါမယ်၊ အများစုကတော့ အင်္ဂလိပ်စာကို စိတ်ဝင်စားသူတွေ လာတက်ကြတာ များပါတယ်၊ ကျွန်မတို့ဌာနက လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်အနေနဲ့ ဒီပလိုမာသင်တန်းကိုလည်း သင်ကြား ပေးပါတယ်၊ ဘွဲ့ရပြီးတဲ့ ဘယ်သူမဆိုတက်ရောက်လို့ရပါတယ်၊ အင်္ဂလိပ်စာက တော့ အများသိတဲ့အတိုင်းပါပဲ၊ ဘွဲ့ရသွားပြီးတဲ့အခါ နယ်ပယ်အသီးသီးကို ဝင်ရောက်လို့ ရပါတယ်၊ ဒါ့အပြင် အခုခေတ်မှာ စကားပြန်၊ ဘာသာပြန်တွေ ကလည်း လိုအပ်လာတော့ အဲဒီလို လုပ်ငန်းတွေမှာ ဝင်ရောက်နေတာတွေရှိသလို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကကုမ္ပဏီတွေ၊NGO တွေမှာ ဝင်ရောက်နေတာတွေလည်းရှိပါတယ်၊ အလုပ်အကိုင်အခွင့်အလမ်းကတော့ အများကြီးရှိပါတယ်၊ အခုခေတ်မှာ အင်္ဂလိပ်စာလေ့လာသင်ကြားဖို့အတွက်က အများကြီးလိုအပ်လာပြီ၊ တိုင်းပြည်ကလည်း အပြည်ပြည်ဆိုင်ရာနဲ့ ဆက်သွယ် လာတဲ့အတွ
က် အင်္ဂလိပ်ဘာသာကအရေးကြီးနေပါပြီ၊ လေ့လာဖို့နည်းလမ်းတွေ လည်း အများကြီးရှိလာပြီ၊ အခွင့်အလမ်းတွေလည်း များလာပါပြီ၊ တိုင်းပြည်ရဲ့ အနာဂတ်က ယနေ့ခေတ်လူငယ်တွေရဲ့ လက်ထဲမှာပဲရှိတဲ့အတွက် ယနေ့ခေတ် လူငယ်တွေက အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်၊ ဆိုနိုင်မယ်ဆိုရင် မိမိတို့နိုင်ငံကလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်လာမှာဖြစ်ပါတယ်။
ဒေါက်တာနီနီသန်း (ပါမောက္ခ၊ ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)
ကျွန်မတို့ဌာနမှာ ပထမနှစ်ကနေ ပါရဂူဘွဲ့အထိဆိုရင် ကျောင်းသား ၄ဝဝ လောက်ရှိပါတယ်၊ အခုနှစ်ကတော့ ဓာတုဗေဒဘာသာရပ်ဂုဏ်ထူးထွက်ရင် စုစုပေါင်းအမှတ် ၄ဝဝ ရရင် လက်ခံပါတယ်၊ လူသားတွေ စားဝတ်နေရေးနဲ့ ပတ်သက်ရင် ဓာတုဗေဒနဲ့ လွတ်ကင်းတာမရှိပါဘူး၊ ဓာတုဗေဒဘာသာရပ်က လူသားတွေအားလုံးနဲ့သက်ဆိုင်တဲ့ ဘာသာရပ်ဖြစ်တဲ့အပြင် လူတွေ၊ တိရစ္ဆာန် တွေ၊ အရာဝတ္ထုတွေအကုန်လုံးရဲ့Structure တွေ၊Reactionတွေ၊ Propertiesတွေကို လေ့လာတဲ့ဘာသာရပ် ဖြစ်ပါတယ်၊ ကျောင်းသားကျောင်းသူတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအများကြီးရှိပါတယ်၊ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့နေရာတွေမှာ အလုပ်ဝင်လို့ရပါတယ်၊ ဓာတုဗေဒ ဘာသာရပ်က လူသားအားလုံးရဲ့ စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘာသာရပ်ဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူ တော်တော်များများလည်း စိတ်ဝင်စားတာတွေ့ရပါတယ်၊ လူသားတွေအတွက် အရေးကြီးတဲ့ ဘာသာရပ် ကို လေ့လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း၊ သုတေသန၊ နိုင်ငံခြားပညာ သင်ဖို့အတွက်ရော အခွင့်အလမ်းတွေ အများကြီးရှိပါတယ်၊ လာရောက်လေ့လာ ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။
ဒေါက်တာအေးမိစံ (ပါမောက္ခ၊ သတ္တဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)
ကျွန်မတို့ဌာနက B.Sc (Zoology)၊B.Sc(Hons)၊ ဂုဏ်ထူးတန်း၊ မဟာတန်းနဲ့ ပါရဂူဘွဲ့တွေအထိ ပေးနေပါတယ်၊ သုတေသနတွေအနေနဲ့ အများကြီးဆောင်ရွက်နေသလို ကျောရိုးရှိပိုင်းမှာဆိုရင် ငါးနဲ့ ပတ်သက်တဲ့ သုတေသနတွေကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်နေပါတယ်၊ နောက်ပြီး အရီဇိုးနား တက္ကသိုလ်နဲ့ချိတ်ဆက်ပြီး Aquatic Bio Science Lab တစ်ခုကို တည်ထောင်ပြီးဖြစ်ပါတယ်။ အဲဒီက သုတေသနတွေအများကြီးလည်း ထုတ်ပေး နေပါတယ်၊ ဒါ့အပြင် ပိုပြီးအဆင့်မြင့်တဲ့ ဓာတ်ခွဲခန်းတစ်ခုကိုလည်း တည်ထောင် ပြီး သုတေသနတွေလည်း အများကြီး လုပ်ဆောင်နေပါတယ်၊ ဂျပန်အပါအဝင် အာရှနိုင်ငံတွေ၊ နော်ဝေနိုင်ငံနဲ့လည်း ချိတ်ဆက်ပြီးStudent Exchange၊ Staff Exchangeတွေအပြင် သုတေသနနဲ့ပတ်သက်ပြီးတော့လည်း အများကြီး ပူးပေါင်းဆောင်ရွက်နေပါတယ်၊ မကြာခင်ကာလမှာ ကျွန်မတို့တက္ကသိုလ် အနေနဲ့ နောက်ထပ် B.Sc (Fishery)ဆိုတဲ့ ဘွဲ့ကိုပေးဖို့ ပြင်ဆင်နေပါပြီ၊ (Fishery) သားငါးကဏ္ဍဟာ နိုင်ငံစီးပွားရေးအတွက်လည်း အရေးပါပါတယ်၊ အဲဒီကဏ္ဍကိုအဆင့်မြှင့်တင်ဖို့အတွက် ဆောင်ရွက်နေပါပြီ၊ လူ့စွမ်းအားအရင်း အမြစ်တွေ မွေးထုတ်ပေးနိုင်အောင် ကြိုးစားနေပါတယ်၊Bio Capacity ဆိုတာ ကမ္ဘာလောကကြီးမှာ သက်ရှိပေါင်းစွာတည်တံ့ဖို့ အခွင့်အရေးရှိရမယ်၊ အခုလောလေ
ာဆယ်မှာဆိုရင်Human Impact တွေ၊Global Change တွေကြောင့် (Species)မျိုးစိတ်တွေ ပျောက်ကွယ်သွားတာတွေရှိပါတယ်၊ အဲဒါတွေကို ကာကွယ်ဖို့အတွက် ကျွန်မတို့ဌာနက ကလေးတွေကို အသိပညာ တွေ အများကြီးပေးနိုင်ဖို့လိုပါတယ်၊ ကျွန်မတို့ ဆီက ဘွဲ့ရတဲ့ကလေးတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊Naturalist တွေလည်း ဖြစ်နိုင်သလို ငါးလုပ်ငန်းကဏ္ဍဘက်မှာလည်း တကယ်ကျွမ်းကျင်တဲ့ ပညာရှင် တွေ မွေးထုတ်ပေးနိုင်ပါတယ်၊ ဂြိုဟ်ကြီးတွေရှိတဲ့အထဲမှာ ဒီကမ္ဘာဆိုတဲ့ ဂြိုဟ်တစ်ခုတည်းသာ သတ္တဝါတွေ အသက်ရှင်ခွင့်ရှိတာပါ၊ လူသားအပါအဝင် မျိုးစိတ်တိုင်းရှင်သန်ဖို့အတွက် အားလုံးတူညီတဲ့ အခွင့်အရေးရှိရပါမယ်၊ အဲဒါကို အပြန်အလှန်လေးစားပြီး စီမံခန့်ခွဲနိုင်မယ်ဆိုရင် သက်ရှိတွေအားလုံး တည်တံ့ ခိုင်မြဲမှုရသလို ကမ္ဘာကြီးကလည်း အလှတရားတွေ မပျက်စီးဘဲဆက်လက် တည်တံ့နေမှာပါ၊ အဲဒီအတွေးအခေါ်ကို ကလေးတွေကိုပေးနိုင်အောင် ကြိုးစား နေပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
အင်တာဗျူး-နန္ဒာဝင်း၊ ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment