Saturday, December 2, 2017

စစ်တွေမြို့၌ (၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Image may contain: 7 people, people smiling, people standing
စစ်တွေ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်း အမှတ် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
(၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် စာစီစာကုံး၊ ကာတွန်း၊ ပိုစတာပြိုင် ပွဲများကို စစ်တွေမြို့အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ဒီဇင်ဘာ ၁ဝ ရက် နံနက် ၉ နာရီတွင် ရခိုင်ရိုးရာ ဝတ္ထု ပုံပြင်ပြောပြိုင်ပွဲကို ဦးဥတ္တမခန်းမ၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီတွင် မစ္စတာတော့ပ် မျက်လှည့်ပြပွဲကို ဓညဝတီအားကစား ကွင်း၌ လည်းကောင်း ၊ ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီတွင် ရခိုင်ရိုးရာ ဝတ် စားဆင်ယင်မှုပြိုင်ပွဲနှင့် ဖျော်ဖြေရေး ပွဲကို ဓညဝတီအားကစားကွင်း၌ လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
(၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်း အနားကို ဦးဥတ္တမခန်းမ၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီတွင် ဖတ်ကြား မည်ဖြစ်သည်။ ထို့အပြင် စာစီစာကုံး၊ ကာတွန်း၊ ပိုစတာနှင့် ရခိုင်ရိုးရာ ဝတ္ထုပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူ များအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာ ကျင်ကိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်ထိ ဝင်္ကပါကွင်း၌ကျင်းပ မည်ဖြစ်သည်။ အဆိုပါ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲတွင် ရွှေမောင်းတန်း၌ ပထမ ရွှေလေးကျပ်သား၊ ဒုတိယ ရွှေသုံးကျပ်သား၊ ပူးတွဲတတိယ ရွှေတစ်ကျပ်သားကို လည်းကောင်း၊ ငွေမောင်းတန်း၌ ပထမ ရွှေသုံးကျပ် သား၊ ဒုတိယ ရွှေနှစ်ကျပ်သား၊ ပူးတွဲ တတိယ ရွှေသုံးမတ်သားစီကို လည်း ကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်နေ့ ကျင်းပပွဲဖြစ်မြောက်ရေးကော်မတီမှ ပြောကြားသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment