Saturday, December 2, 2017

မောင်တောမြို့မ အနောက်ရပ်ကွက်၌ တရားခံနှစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Image may contain: one or more people and people standing
နေပြည်တော် ဒီဇင်ဘာ ၁
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့မ အနောက် ရပ်ကွက်ရှိ နေအိမ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ဝ ရက် ည ၁ဝ နာရီခွဲတွင် သတင်းအရ မောင်တောမြို့မ အနောက်ရပ်ကွက်နေ ဇော်မီအာမက်၏ နေအိမ်အား ရှာဖွေခဲ့ရာ အိမ်၏အနောက်ဘက် အိမ်သာ ပိုက်အောက် မြေကြီးအတွင်း မြှုပ်ထားသည့် အမေရိကန် လုပ် Parabellun – PANTENTED စာတန်းပါ ၉ မမ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၂၃ တောင့်နှင့် အတူ ဇော်မီအာမက် ၅၃ နှစ်နှင့် သားဖြစ်သူ စိုးနိုင်ကျော် ၂၄ နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် တရားခံနှစ်ဦးအား မောင်တော မြို့မရဲစခန်းတွင် လက်နက်ပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment