Sunday, December 31, 2017

ကိုလံဘီယာရှိ ညကပွဲရုံတွင် ပေါက်ကွဲမှုကြောင့် ၃၁ ဦး ဒဏ်ရာရ

Image may contain: one or more people, night and outdoor
ဘိုဂိုတာ ဒီဇင်ဘာ ၃ဝ
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းအန်တီအိုကွေယာဒေသရှိ ညကပွဲရုံ တစ်ရုံတွင် လူအုပ်အတွင်းသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်း ဖောက်ခွဲခဲ့ရာ ၃၁ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဒီဇင်ဘာ ၃ဝ ရက်တွင် ပြောကြားသည်။
ဘိုရာဘိုရာအမည်ရှိ ညကပွဲရုံ အတွင်း လူများစွာ စုဝေးရောက်ရှိ နေချိန် ဒီဇင်ဘာ ၂၉ ရက် နံနက် အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း ကော်ကာစီယာမြို့တော်ဝန် က မီဒီယာသို့ ပြောကြားသည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့သည် လက်ပစ်ဗုံးပစ်သွင်းသူအဖြစ် သံသယ ရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထား ကြောင်း မြို့တော်ဝန်က အတည်ပြု ပြောကြားသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ကျန်းမာရေး တာဝန်ရှိသူ များက ပြောကြားကြသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဉ် ကြောက်လန့်တကြား ထွက်ပြေး နိုင်ရန် ကြိုးပမ်းကြရာမှ လူပြိုမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း၊ လူအချို့မှာ ပြင်းထန်စွာ ဒဏ်ရာရသည်ဟု ယူဆရကြောင်း ဒေသဆိုင်ရာ အသံလွှင့်ဌာနက သတင်းထုတ်ပြန်သည်။
တိုက်ခိုက်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့သည် ညကပွဲရုံသို့ မော်တော် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာ ခဲ့ပြီးနောက် ကပွဲရုံ အဆောက် အအုံအတွင်းရှိနေသူ လူအုပ်အတွင်း သို့ ဗုံးတစ်လုံးပစ်သွင်းကာ တိုက်ခိုက် ခဲ့သည်ဆို၏။
ဆင်ဟွာ

No comments:

Post a Comment