Friday, December 29, 2017

ပနားမားနိုင်ငံတွင် ၂ဝ၁၇ ခုနှစ်အတွင်း မူးယစ်ဆေး ၈၄ တန်ကျော် စံချိန်တင်ဖမ်းဆီး

Image may contain: one or more people and outdoor
ပနားမားစီးတီး ဒီဇင်ဘာ ၂၈
တရားမဝင် မူးယစ်ဆေးဝါး ၈၄ ဒသမ ၆ တန်ကို ၂ဝ၁၇ ခုနှစ်အတွင်း ပနားမားတာဝန်ရှိသူများက ဖမ်းဆီး ရမိကြောင်း၊ ယင်းပမာဏာမှာ စံချိန် တင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အစိုးရအေဂျင်စီများက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဌာန၊ အမျိုးသားရေကြောင်းနှင့် လေကြောင်း လုံခြုံရေးတပ်ဖွဲ့၊ အမျိုး သားနယ်ခြားစောင့် တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ပူးတွဲကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မူးယစ် ဆေးဝါး ဖမ်းဆီးရမှုဆိုင်ရာ သတင်း အချက်အလက်များကို ထုတ်ဖော် ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် မူးယစ် ဆေးဝါးမှောင်ခိုရောင်းဝယ်မှု တိုက် ဖျက်ရေးလုပ်ငန်း အောင်မြင်မှုအတွက် အဓိကကျကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ပနားမားနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ၇၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။
ပနားမားနိုင်ငံတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူများထံမှ အမေရိကန်ဒေါ်လာ ခြောက် သန်း၊ လက်နက်မျိုးစုံ ၁၁၃ လက်၊ ရေယာဉ် ၅၃ စင်းနှင့် မော်တော်ယာဉ် ၂၅၃ စင်းအပြင် မက်သာဖက်တမင်း မူးယစ်ဆေးချက်လုပ်ရာတွင် အသုံး ပြုသည့် ကိရိယာများကို သိမ်းဆည်း ရမိခဲ့သည်။ မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်သူ ၁၄၇ ဦးတို့ကို ဖမ်းဆီး အရေးယူထားသည်။
မူးယစ်ဆေးဝါးမှောင်ခိုနှိမ်နင်းရေး စစ်ဆင်ရေး လုပ်ငန်းအများစုကို ပင်လယ်ပြင်အတွင်း ပြုလုပ်ခဲ့ကြောင်း ပနားမားတာဝန်ရှိသူများက ပြောကြား သည်။
ဆင်ဟွာ

No comments:

Post a Comment