Saturday, December 2, 2017

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျောက်မြောင်းမြို့ ကျေးရွာ ငါးရွာအား လူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်

Image may contain: house, sky and outdoor
ကျောက်မြောင်း ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကျောက်မြောင်းမြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းဘေးရှိ နွယ်ငြိမ်း၊ ရွှေခွန်၊ ရွှေ တိုက်၊ မလားကျေးရွာနှင့် မခေါက် ကျေးရွာတို့တွင် မိရိုးဖလာလုပ်ငန်း ဖြစ်သည့် စဥ့်အိုးလုပ်ငန်းနှင့် ကျေးရွာ များ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို ခရီးသွားလုပ်ငန်းအဖြစ် ပြသနိုင်ရန် နိုဝင်ဘာ ၃ဝ ရက် ညနေ ၃ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့် လှစ်ပေးခဲ့ကြောင်း သိရသည်။
''နွယ်ငြိမ်းနဲ့ ပတ်ဝန်းကျင်ကျေးရွာ တွေ ပူးပေါင်းပြီး ရပ်ရွာအခြေပြု ခရီး
သွားလုပ်ငန်း လုပ်ကြတယ်၊ လာ ရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ ကို ကျေးရွာက လမ်းညွှန်လုပ်တဲ့ လူငယ်တွေက တစ်ဆင့်ခံပြီး ကျေးရွာ က စဥ့်အိုးလုပ်ငန်းတွေကို ရှင်းလင်းပြ မယ်၊ အဲဒီဝန်ဆောင်မှုတွေအတွက်ကို ကျေးရွာက ဝင်ငွေတွေရမယ်၊ အဲဒီ ဝင်ငွေအပေါ်မှာ မူတည်ပြီး ကျေးရွာ ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင် မယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြေခံအချက်(၁၄)ချက်ကိုတော့ လိုက်နာရမှာပါ၊ ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ ပထမအကြိမ်အဖြစ် ဖွင့်လှစ်တာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သူဦး က ပြောသည်။
ရပ်ရွာ အခြေပြု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုပ်မည့် ကျေးရွာ များအနေဖြင့် အခြေခံအဆောက် အအုံများ ကောင်းရမည်၊ ကျေးရွာများ တွင် လေ့လာနိုင်စရာများ၊ ယဉ်ကျေး မှု ဓလေ့ထုံးစံများ ရှိရမည်ဖြစ်ပြီး အဓိကအနေဖြင့် ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှု၊ စည်းရုံးမှုများသည် အရေးကြီးအချက်များဖြစ်ကြောင်း သိရသည်။
''သူများနိုင်ငံတွေက ကိုယ့်နိုင်ငံကို လာဖို့ နည်းမျိုးစုံနဲ့ ဖိတ်ခေါ်တဲ့ အခါမှာ ကျွန်တော်တို့မြို့ကိုလာလည် တဲ့ နိုင်ငံခြားသားတွေကို ကိုယ့်မြို့မှာ နေထိုင်ခွင့်မရဘဲ တခြားမြို့တွေကို တွန်းပို့နေရသလိုဖြစ်နေတယ်၊ သူများ တွေက ခရီးသွားလုပ်ငန်းနဲ့ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့မှာလည်း ဒီလိုခရီးသွားလုပ်ငန်းတွေ ရှိနေရက်
နဲ့ မလုပ်နိုင်တဲ့အတွက် ကိုယ်လုပ်နိုင်
တဲ့ အနေအထားမျိုး၊ အခွင့်အရေး မျိုးသာ ရခဲ့မယ်၊ ဒီလုပ်ငန်းကိုရအောင်
လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အကောင် အထည်ဖော်ခဲ့တာပါ'' ဟု ရွှေဘို မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးကျော်သူ က ပြောသည်။
ရပ်ရွာအခြေပြု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအဖြစ် ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်အတွင်း ဧရာ ဝတီမြစ် ကမ်းဘေးတစ်လျှောက်ရှိ နွယ်ငြိမ်း၊ ရွှေဂူ၊ ရွှေတိုက်၊ မလားနှင့် မခေါက်ကျေးရွာများတွင် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ကျေးရွာများ၏ အဓိက လုပ်ငန်းဖြစ်သော စဥ့်ထည်လုပ်ငန်း၊ ကျေးရွာ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ဖြစ်သော လူနေမှုစရိုက်များ၊ ရိုးရာ လှေပြိုင်ပွဲ၊ မီးထွန်းပွဲတော်၊ ဆင်အက ဆင်အလှနှင့် ဧရာဝတီမြစ်အတွင်း ရိုးရာလှေစီးခြင်း စသည့်တို့ဖြင့် နိုင်ငံခြားခရီးသွားဧည့်သည်များကို ဆွဲဆောင်သွားရန်စီစဉ်ထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment