Saturday, December 2, 2017

အသက်(၂၂)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

Image may contain: 17 people, people standing, wedding and outdoor
သရက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့တွင် ခရိုင်အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဋ္ဌဖလား ခြောက်မြို့နယ် အသက်(၂၂)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာလ နောက်ဆုံး ပတ်က ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် သရက်မြို့နယ်အသင်းနှင့် မင်းတုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ သရက်မြို့နယ်အသင်းက အနိုင်ရရှိခဲ့သည်။ ပထမဆုရရှိသည့် သရက်မြို့နယ်အသင်းအား ခရိုင်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းက ငွေသားဆုနှင့် တံခွန်စိုက်ဖလားအား လည်းကောင်း၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးက တစ်ဦးချင်း ဆွဲပြားများကိုလည်း ကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မင်းတုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဒုတိယဆုရရှိသည့် မင်းတုန်း မြို့နယ်အသင်းအား တစ်ဦးချင်း ဆွဲပြားများနှင့် ငွေသားဆုများ ပေးးအပ်ချီးမြှင့် သည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူ များက နောက်တန်း၊အလယ်တန်း၊ ရှေ့တန်းနှင့် ဂိုးသမားအကောင်းဆုံးဆုများ ကိုအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)

No comments:

Post a Comment