Sunday, December 3, 2017

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှ သင်တန်းသား လက်ရာပစ္စည်းများ ပြသရောင်းချ

Image may contain: one or more people
ရန်ကုန် ဒီဇင်ဘာ ၂
ရန်ကုန်မြို့၌ သုံးရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ကြီးသင်တန်းကျောင်းမှ သင်တန်း သား သင်တန်းသူများ၏ လက်မှု ပစ္စည်းများကို ပြသရောင်းချလျက်ရှိ သည်။
''ဒီလိုနိုင်ငံတော်အဆင့်ပွဲမှာ ပါဝင် ပြီး ကိုယ့်ကျောင်းက လုပ်ချင်တာလေး တွေ တင်ပြခွင့်ရတဲ့အတွက် ဝမ်းသာ ပါတယ်၊ မသန်စွမ်းသက်ကြီးသင်တန်း ကျောင်းရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ တံဆိပ်ရိုက်လုပ်ငန်းကို ကျောင်းသား ကျောင်းသူကလေးတွေရဲ့ လက်ရာလေး တွေ ပါဝင်ပါတယ်၊ ကျောင်းဆောင်ပုဒ် ဖြစ်တဲ့ မသန်သော်လည်းစွမ်းပါတယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဒီပွဲကို လာရောက်တဲ့သူတွေကလည်း ကျွန်မ တို့ရဲ့ မသန်သော်လည်းစွမ်းနိုင်အောင် ကြိုးစားနေတာလေးတွေကို အသိအမှတ် ပြုအောင် ဒီပွဲလေးကို လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
''သင်တန်းကျောင်းမှာ အားလုံး ခြောက်ဌာနရှိပြီးတော့ အားလုံးကို မပြနိုင်ပေမယ့် ဒီတံဆိပ်ရိုက်သင်တန်း ကိုတော့ ဒီမှာလာပြီး ပြသထားပါ တယ်၊ သင်တန်းကျောင်းရဲ့ တံဆိပ်ရိုက် ဌာနကတော့ အားကစားတံဆိပ်မျိုးစုံနဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ တံဆိပ်များ ကို ရိုက်ပါတယ်၊ လူစိတ်အဝင်စားဆုံး ကတော့ မှန်ပန်းချီပါ၊ မှန်ပေါ်မှာ ပန်းချီပုံတွေ ရေးဆွဲတဲ့ပညာပါ၊ မသန်စွမ်းသင်တန်းကျောင်းဟာအများ သူငါနည်းတူ လုပ်နိုင်တာလေးတွေကို တင်ပြခွင့်ရတဲ့အတွက် ဒီပွဲတော် ကျင်းပပေးတဲ့သူတွေကိုလည်း ကျေးဇူး တင်ပါတယ်''ဟု မသန်စွမ်းသက်ကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက ပြောကြားသည်။
မသန်စွမ်း သက်ကြီးသင်တန်း ကျောင်းတွင် အီလက်ထရွန်နစ် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ တံဆိပ်ရိုက်သင်တန်းနှင့် ဆံသ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက် ရှိသည်။ အဆိုပါ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းကို ၁၉၆၅ ခုနှစ်တွင် လူမှုဝန်ထမ်းဌာနက လူမှုဝန်ထမ်း သင်တန်းကျောင်းအမည်ဖြင့် ဖွင့်လှစ် ခဲ့ကာ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား သက်ကြီး မသန်စွမ်းသူများအား အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မသန်စွမ်းသက်ကြီး သင်တန်း ကျောင်းအနေဖြင့် နိုင်ငံတော်က ကြီးမှူးကျင်းပလျက်ရှိသော လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် သင်တန်း သားများကိုယ်တိုင် ပြုလုပ်ထားသော မှန်ပန်းချီများ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းများအပြင် တံဆိပ်ရိုက် နည်းများကိုပါ လာရောက်လေ့လာသူ များအား ပြသပေးခဲ့ကြောင်း သိရ သည်။
သတင်း-အောင်ကျော်ဦး
ဓာတ်ပုံ-ဇာဏီ

No comments:

Post a Comment