Sunday, December 3, 2017

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီး၏ (၁၇၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နှင့် (၉၉)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

Image may contain: 8 people, people standing
နေပြည်တော် ဒီဇင်ဘာ ၂
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီး၏ (၁၇၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နှင့် (၉၉)ကြိမ်မြောက် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ရန်အောင်(၁)ရပ်ကွက်ရှိ မဟာလယ်တီစံကျောင်း တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဣန္ဒာဝုဓ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်သည့် မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် ဆရာတော်များ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ကျောင်းပေါင်း ၈၇ ကျောင်းမှာ ပင့်သံဃာ ၂၂၇ ပါးနှင့် ကျောင်း ၁ဝ ကျောင်းမှ သီလရှင် ၂၂၁ ပါးတို့ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို လောင်းလှူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ သာသာနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။
သတင်းစဉ်

No comments:

Post a Comment