Sunday, December 3, 2017

ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် ဒေသခံပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ပြောကြား

Image may contain: one or more people and basketball court
မောင်တော ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြန်လည် ထူထောင်မှုအပိုင်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုမှအစ ကဏ္ဍမျိုးစုံတွင် ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် ဒေသခံ ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ ဒေသခံပြည်သူ များ၏ ဆန္ဒမှာလည်း လွှတ်တော်၏ဆန္ဒဖြစ်ကြောင်း ရခိုင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယနေ့ မောင်တော ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
မောင်တောမြို့ သာသနာ့ဗိမာန်၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာ၊ အကြံပေးအဖွဲ့ဝင်များနှင့် မောင်တောမြို့ ဒေသခံပြည်သူ များ တွေ့ဆုံပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မောင်တောဒေသနှင့် ဘူးသီးတောင်ဒေသများအနေဖြင့် လတ်တလော အေးချမ်းသင့်သလောက် အေးချမ်းမှုရှိနေပြီ ဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် ဒေသခံ ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ လွှတ်တော် တစ်ရပ်လုံးက ပြည်သူ့ဘက်တွင် မားမားမတ်မတ် ရပ်တည် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ အနေဖြင့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့်အတူ ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုများပါ တစ်ပါတည်း ပါဝင်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်ထဲ တွင်လည်း ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲမထားဘဲ ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကိုသာ ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ဒေသခံပြည်သူများက တင်ပြဆွေးနွေးရာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ပြန်လည်လက်ခံရာတွင်လည်းကောင်း ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ အသိပေးချပြ စေလိုကြောင်းနှင့် ကဏ္ဍမျိုးစုံကို ပွင့်လင်းမြင်သာစွာ ပြည်သူကို ချပြစေလိုကြောင်း ပြန်လည်ဆွေးနွေးတင်ပြ ကြသည်။
သတင်းအဖွဲ့၊ ဓာတ်ပုံ-မင်းထက်

No comments:

Post a Comment