Monday, December 4, 2017

ကျောင်းပေါင်းစုံ တံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲကျင်းပ

Image may contain: sky, ocean, outdoor, water and nature
ရန်ကုန် ဒီဇင်ဘာ ၃
ထူးချွန်သည့် မျိုးဆက်သစ်ရွက်လှေ အားကစားသမားများ ပေါ်ထွက်လာ စေရန် ရည်ရွယ်လျက် ၂ဝ၁၇ ခုနှစ် ဒုတိယအကြိမ် ကျောင်းပေါင်းစုံ တံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ် ရန်ကုန်ရွက်လှေအသင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖုန်းကျော် မိုးမြင့်က အဖွင့်အမှာစကားပြောကြား ပြီး မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် လက်ထောက်နည်းပြချုပ် ဦးစိုင်း ပြည့်စုံဟိန်းက ပြိုင်ပွဲကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ သည်။ ပြိုင်ပွဲတွင် Optimist Open Class၊ အသက် (၁၂) နှစ်အောက်SUP Opem, SUP Girls နှင့် အသက် (၁၂) နှစ်မှ (၁၆) နှစ်အတွင်းSUP Opem, SUP Girls, Laser Radial Open Class ပြိုင်ပွဲအမျိုး အစားခြောက်မျိုး ပါဝင်ယှဉ်ပြိုင်လျက် ရှိပြီး ကျောင်းပေါင်းစုံမှ အသင်းပေါင်း ၁၂ သင်း၊ပြိုင်ပွဲဝင် အားကစားသမား ၄၃ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment