Sunday, December 3, 2017

အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် ပစ္စည်းများကို ဟိန္ဒူဘာသာဝင်များထံ ပေးအပ်

Image may contain: 7 people, people standing
စစ်တွေ ဒီဇင်ဘာ ၂
အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ပစ္စည်း များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အလှူငွေနှင့် ပစ္စည်းလက်ခံဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စစ်တွေမြို့ ဓညဝတီ အားကစားကွင်း ယာယီကယ်ဆယ်ရေးစခန်း ရှိ ဟိန္ဒူဘာသာဝင်များထံ ယနေ့နံနက် ၁ဝ နာရီတွင် ပေးအပ်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် ဟိန္ဒူ ဘာသာဝင် အိမ်ထောင်စု ၁၅၅ စုအတွက် အိန္ဒိယနိုင်ငံ အစိုးရက လှူဒါန်းသော မိသားစုအိပ်ရာFamily bed ၁၅၅ လုံး၊ ဆပ်ပြာ နှစ်ဖာ၊ ဘီစကွတ်မုန့် သုံးဖာ၊ ဆီ ငါးဖာနှင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် အလှူရှင်များက လှူဒါန်း သော ဖျာ ၁၅၆ ချပ်တို့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အလှူငွေနှင့် ပစ္စည်း လက်ခံ ဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လှထွန်း နှင့် တာဝန်ရှိသူများက ဟိန္ဒူဘာသာဝင်များထံ ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment