Sunday, December 31, 2017

ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေမှ ငွေကြေး အလွဲသုံးမှု ယွမ်သန်း ၇၃ဝ ကို ပြန်လည်သိမ်းဆည်းနိုင်

Image may contain: 1 person, sitting and suit
ပေကျင်း ဒီဇင်ဘာ ၃ဝ
တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ် အတွက် ခွင့်ပြုပေးခဲ့သော ရန်ပုံငွေမှ ငွေကြေးများကို အလွဲသုံးခဲ့သည်ဟု စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် မလျော်မကန်အသုံးပြုခဲ့သည့် ငွေကြေးအနက်မှ ယွမ် သန်း ၇၃ဝ ကို အာဏာပိုင်များက ပြန်လည်သိမ်းဆည်း နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံရှိ ပြည်နယ် ၂၈ ပြည်နယ်၌ စာရင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ရန်ပုံငွေများကို အလွဲသုံးမှု တွေ့ရှိရပြီး တာဝန်ရှိသူပေါင်း ၄၅ဝ ခန့်ကို စွဲချက်တင်လိုက် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ကောင်စီ အောက်ရှိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးရေးရုံးတို့၏ တာဝန်ရှိသူများက ပြောကြားကြသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်အတွက် ခွင့်ပြုပေးထားသော ရန်ပုံငွေမှ ငွေကြေးများအား မည်သို့ မည်ပုံ အလွဲသုံးမှုပြုလုပ်ခဲ့သည်ကို အသေးစိတ်မသိရပေ။
အစိုးရအဖွဲ့သည် ၂ဝ၂ဝ ပြည့်နှစ်ထက် နောက်မကျ ဘဲ ဆင်းရဲမွဲတေမှု လုံးဝကင်းပျောက်အောင် ပြုလုပ်သွား မည်ဟု ကတိကဝတ်ပြုခဲ့သည်။ တရုတ်နိုင်ငံ၌ လောလော ဆယ်တွင် ဆင်းရဲမွဲတေသူအဖြစ် စံနှုန်းသတ်မှတ်ခံရသူ လူပေါင်း သန်း ၇ဝ ရှိသည်။ သို့ရာတွင် ဆင်းရဲမွဲတေမှု ပြဿနာဖြေရှင်းနိုင်ရေးအတွက် အချိန်များစွာယူ၍ ဆောင်ရွက်သွားရမည်ဟု သုတေသီများက ပြောကြား ကြသည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် လေးနှစ်တာ ကာလ ပတ်လုံး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအတွက် ယွမ်ငွေ ၁၉၆ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၁၄ ဘီလီယံ)ကျခံ အသုံးပြုခဲ့သည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်အရ ခွင့်ပြု ပေးထားသော ရန်ပုံငွေများကို အလွဲသုံးမှုဖြင့် တာဝန်ရှိသူ ၉၇ဝ ကို အရေးယူအပြစ်ပေးခဲ့သည်ဟု တရုတ်အမျိုးသား စာရင်းစစ်ချုပ်ရုံး အကြီးအကဲ ဟူယွေကျန်းက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment