Sunday, December 31, 2017

ကိုယ့်ဒေသ တိုးတက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီနိုင်မယ့် လမ်းစလေး ရလာတဲ့အချိန်မှာ ဆရာတစ်ယောက်အဖြစ်နဲ့ ဒေသအကျိုးကို ထမ်းရွက်နိုင်နေပြီဖြစ်လို့ ဂုဏ်ယူမိပါတယ်


Image may contain: 1 person, selfie and closeup

မောင်တော ဒီဇင်ဘာ ၃ဝ
၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား ပြီးနောက် ရခိုင်ပြည်နယ်အစိုးရက ဝေးလံသော ကျေးလက်ဒေသများရှိ အခြေခံပညာ ကျောင်းများတွင် ဆရာမများကို မြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ¤င်းတို့နေရာ၌ မလေးရှား၊ ထိုင်းနှင့် ဖားကန့်တို့တွင် သွားရောက် အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာ၍ ကျောင်းဆရာ အလုပ်ကို စိတ်ဝင်စားသော ပညာတတ် လူငယ်များအား အသက် ၃ဝ ဝန်ထမ်း ခန့်ရန် ကန့်သတ်ချက်ကို ၃၅ နှစ်အထိ လျှော့ချပေးကာ ကျောင်းဆရာ အလုပ်ကို ခန့်ထားပေးခဲ့သည်။
နေ့စားလပေးအဖြစ် ခန့်ထားပေး ခဲ့သော အဆိုပါ ကျောင်းဆရာများအား ပြီးခဲ့သော သြဂုတ်လက အမြဲတမ်း ဝန်ထမ်းအဖြစ် အတည်ပြုခန့်ထား ပေးခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျောင်းဆရာများအား မောင်တောမြို့ အထက(၂)၌ KG နှင့်ွGrade 1 ၁ဝ ရက်ကြာသင်တန်း သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်း ဆရာ အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်ရခြင်းနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းထားမှုများကို စုစည်းဖော်ပြ လိုက်ပါသည်။
ဆရာ ဦးသန်းရွှေ
(မောင်တောမြို့နယ်
ဂါရာဘရွန် မူလတန်းလွန်ကျောင်း)
ကျွန်တော်က မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်ပြီး ပြန်လာခဲ့ပါတယ်။ မောင်တောအတွက် ပညာရေးဌာနက ကျောင်းဆရာအလုပ် ခေါ်ပါတယ်။ မိဘတွေကလည်း ကျောင်းဆရာ အလုပ်ကိုလုပ်ဖို့ တိုက်တွန်းပါတယ်။ပထမကတော့ ကျောင်းဆရာအလုပ်ကို ခေါ်ယူတာ သိပ်မရှိပါဘူး။ အခု အလုပ်က ၃၅ နှစ်အောက်ခေါ်တာပါ။ အရင်ကတော့ ၃ဝ နှစ်အောက်ခေါ် တာပါ။ အခု ၃၅ နှစ်အောက်ခေါ်လို့ ဒီအလုပ်ကို စိတ်ဝင်စားလို့ လျှောက်ခဲ့ ပါတယ်။ နောက်ပိုင်းမှာလည်း ကျောင်းဆရာ အလုပ်ကို စွဲစွဲမြဲမြဲ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
ဆရာ ဦးဇော်ဟန်ထွန်း
(ဘူးသီးတောင်မြို့နယ် လက်ပံကိုင်း
ကျေးရွာ မူလတန်းကျောင်း)
ဒီအလုပ်ကိုမရခင် နိုင်ငံရပ်ခြားမှာ သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။ သူများနိုင်ငံ သွားရောက်အလုပ် လုပ်ကိုင်တဲ့အခါမှာ အစစအရာရာ အခက်အခဲတွေရှိပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ဝန်ထမ်းတွေရဲ့ နွေးထွေးမှုကို သဘောကျပါတယ်။ ဝါသနာလည်းပါတယ်ဆိုတော့ လုပ်ဖြစ် သွားတာပါ။ တခြားနိုင်ငံမှာ သူတို့ သတ်မှတ်တဲ့ စည်းကမ်းတွေ လိုက်နာ ရတဲ့အပြင် အလိုလိုကြောက်ရွံ့နေရ တယ်။ လုံလုံခြုံခြုံလည်း မရှိဘူး။ မရှိလို့သာ သူများနိုင်ငံမှာသွားလုပ် နေရတာပါ။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ ကိုယ့်နိုင်ငံ ကိုယ့်အစိုးရ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရာလည်း ရောက်၊ ဝါသနာကလည်း ပါတယ်ဆို တော့ ဒီအလုပ်ကိုလုပ်ဖြစ်သွားတာပါ။
ဆရာဦးခင်ထွန်းမောင်
(အထက်ကြွေချောင်း မူလတန်းကျောင်း
ဘူးသီးတောင်မြို့နယ်)
ကျွန်တော် သင်ရတဲ့ကလေးတွေ က ခမီတိုင်းရင်းသားလေးတွေပါ။ တိုင်းရင်းသားတွေဆိုတော့ သူတို့ စကားနဲ့ လွဲတာလေးတွေတော့ ရှိတာ ပေါ့ဗျာ။ êကြိုးစားပြီးတော့ ရွာခန့် ဆရာတွေနဲ့ ပူးပေါင်းသင်ပေးပါတယ်။ကျွန်တော် ဒီအလုပ်မလုပ်ခင်က မလေးရှားမှာ ခုနစ်နှစ်လောက်လုပ်ဖူး ပါတယ်။ ကျွန်တော်က ဘွဲ့ရပြီးသား ပါ။ လုပ်ရတဲ့အလုပ်တွေက အောက်ခြေ အလုပ်တွေဆိုတော့ အဆင်မပြေပါ ဘူး။ နိုင်ငံခြားသားလူမျိုးဆိုတော့ သူတို့က ခွဲခြားဆက်ဆံတယ်။ နှိမ် တယ်။ အောက်ခြေအလုပ်တွေပဲ လုပ်ရတယ်။
ဆရာ ဦးဇေယျာချစ်မြတ်ဦး
ကျွန်တော်က အခု မောင်တော မြို့နယ် အလက(ခွဲ) (မောင်နှမ ကျေးရွာ) ဒုတိယတန်းမှာရှိတဲ့ ကလေး တွေကို စာသင်ပြပေးနေပါတယ်။ ကျွန်တော့်မွေးရပ်မြေ ဇာတိကတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပါ။ အရင် ကျွန်တော်စာသင်ရတဲ့ ရွာက တော့ မီးလောင်တဲ့အထဲ ပါသွားပါပြီ။ အဲဒီရွာကတော့ ရခိုင်တိုင်းရင်းသား တွေ မဟုတ်ကြလို့ စာသင်ပြရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အခု ကျောင်းမှာ ကလေးတွေကို စာသင် ရတာ အကုန် အဆင်ပြေပါတယ်။ ကျွန်တော်က အခုလို ဆရာတစ်ယောက် မဖြစ်ခင်က ရန်ကုန်မှာ ခြောက်နှစ် လောက်နေထိုင်ခဲ့ပြီး ကုမ္ပဏီတစ်ခုမှာ လုပ်ခဲ့ပါသေးတယ်။ အဲဒီလိုလုပ်နေရင်း က ဒီဘက်ဒေသတွေမှာ ဆရာတွေ ခန့်မယ်ဆိုတော့ ကျွန်တော်လျှောက်ခဲ့ တာပါ။ ကိုယ့်ဒေသတိုးတက်ဖို့ တစ်ဖက် တစ်လမ်းက ကူညီနိုင်မယ့် လမ်းစလေး ရလာတဲ့အချိန်မှာ ကျွန်တော် ဆရာ တစ်ယောက်အဖြစ်နဲ့ ဒေသအကျိုးကို ထမ်းရွက်နိုင်နေပြီဖြစ်လို့ ဂုဏ်ယူမိပါ တယ်။
အဆိုပါ KG နှင့် Grade 1 သင်တန်းတွင် ဆရာ ဆရာမ ၅၃၄ ဦးအနက် ဆရာ ၄၅၂ ဦးတက်ရောက် လျက်ရှိသည်။
မြင့်မောင်၊ ဇေယျာ
ဓာတ်ပုံ-နေဝင်းထွန်း

No comments:

Post a Comment