Wednesday, December 27, 2017

ရခိုင်ပြည်နယ်၌ ပြည်သူလူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ကလေးငယ် နှစ်သိန်းကျော် ထိုးနှံ

Image may contain: 5 people, people standing
စစ်တွေ ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် ပြည်သူလူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းမှ စတင်ကာ မြို့နယ် အသီးသီးတွင် အသက် ကိုးလမှ ငါးနှစ်အတွင်း ကလေးငယ် စုစုပေါင်း နှစ်သိန်းကျော်ကို ထိုးနှံခဲ့ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံးမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ လူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို အသက် ကိုးလမှ ငါးနှစ် အတွင်း ကလေးငယ်များ ထိုးပေးခဲ့ရာ တွင် စစ်တွေခရိုင်၌ ကလေးငယ် ၄၈၁၈၈ ဦး၊ မြောက်ဦးခရိုင်၌ ကလေးငယ် ၆၅၉၁၅ ဦး၊ မောင်တော ခရိုင်၌ ကလေးငယ် ၅၇၉၃၄ ဦး၊ ကျောက်ဖြူခရိုင်၌ ကလေးငယ် ၃၉၃၆၉ ဦး၊ သံတွဲခရိုင်၌ ကလေးငယ် ၂၃ဝ၇၆ ဦးတို့ကို ကျန်းမာရေးဝန်ထမ်း ဆေးထိုးအဖွဲ့များက ထိုးနှံပေးခဲ့ကြ သည်။
ရခိုင်ပြည်နယ်အတွင်း၌ ပြည်သူ လူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း တွင် သွားလာရန်ခက်ခဲသော ဝေးလံ ခေါင်းပါးသည့် ဒေသများနှင့် နယ်စပ် ဒေသရှိ ကလေးငယ် စုစုပေါင်း ၄ဝဝဝဝ ကျော်တို့ကို ထိုးနှံခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment