Sunday, December 3, 2017

လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ လူငယ်များသာမက ကလေးများရော လူကြီးများပါ လာရောက်အားပေး

Image may contain: 8 people, people smiling, crowd, tree and outdoor
ရန်ကုန် ဒီဇင်ဘာ ၂
''ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့'' ဆောင်ပုဒ်နှင့်အညီ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ဒုတိယနေ့ကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆက်လက်ကျင်းပရာ ယနေ့သည် အများပြည်သူရုံးပိတ်ရက် စနေနေ့ဖြစ်သည့်အားလျော်စွာ ပွဲတော်သို့ လူငယ်အများ အပြား တပျော်တပါး လာရောက်ပါဝင်ဆင်နွှဲကြသည်။
အားကစားဆိုင်ရာ လှုပ်ရှားမှုများကို နံနက် ၆ နာရီမှ စတင်၍ စုပေါင်းလမ်းလျှောက်ပွဲဖြင့် ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်း ဆောင်နှင့် ပဲခူးဆောင်ရှေ့၌ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုး ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲ၊ ဂုန်နီ အိတ်စွပ်ပြေးပွဲ၊ သုံးချောင်းထောက်ပြေးပွဲနှင့် ဘတ်စကက် ဘောဂိုးသွင်းပြိုင်ပွဲတို့ကို သက်ဆိုင်ရာ အားကစားနည်းများ အလိုက် ဆက်လက်ပြုလုပ်သည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌လည်း အမှတ်တရဓာတ်ပုံရိုက်ကူးသူများ အထူးစည်ကားခဲ့သလို သစ်ပုပ်ပင်အနီးတွင် စာအုပ်ဈေးရောင်းပွဲတော်၊ ရှားပါး စာအုပ်များ ခင်းကျင်းပြသခြင်း၊ ထင်ရှားသော စာရေး ဆရာကြီးများ၏ ဓာတ်ပုံများ ခင်းကျင်းပြသခြင်းနှင့် မြန်မာ့ အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင်များ၏ ဖျော်ဖြေခြင်းများကို ကဏ္ဍအလိုက် ကျင်းပခဲ့ပြီး သိပ္ပံခန်းမ ရှေ့ရှိ ကဗျာရွတ်ဆိုပြိုင်ပွဲသည်လည်း လူငယ်ကျောင်းသား ကျောင်းသူများအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။
ထို့ပြင် RCခန်းမ၌ အခရာအမျိုးသမီးအဖွဲ့၏ ''လူငယ် လိင်မှုရေးရာနှင့် တန်ဖိုး'' ဆွေးနွေးပွဲနှင့် ပြဇာတ်ဖျော်ဖြေ မှုများ၊ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေ ပရဟိတအဖွဲ့၏ ''နိဂုံးမဲ့ပန်းကလေးများ၊ လိုအပ်နေသော မေတ္တာတရား နှင့် စာနာပေးပါ'' ပြဇာတ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့၏ ''မိသားစု ရင်ခွင်မှာ ရှင်သန်ခွင့်ပေးပါ'' ဥာဏ်စမ်းပဟေဠိ အစီအစဉ် များနှင့် လူငယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များကို လည်း လူငယ်ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား ပါဝင်အားပေးကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် စာပေဆိုင်ရာ လှုပ်ရှားမှုများအဖြစ် စီးပွားရေးတက္ကသိုလ် ပင်လုံဆောင်၊ နီလာရတုခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ များနှင့်ျွဃ ခန်းမ၌ လူငယ်အဆိုတော် အောင်ထက်နှင့်၊ စာရေးဆရာမ ပုညခင်တို့က ''အနုပညာလိုက်စား လူငယ် များ'' ခေါင်းစဉ်ဖြင့် ဟောပြောပွဲများကို ကျင်းပခဲ့ရာ လူငယ်ထုများက ခန်းမပြည့်သည်အထိ စိတ်ဝင်တစား တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့ကြသည်။
အနုပညာဆိုင်ရာ လှုပ်ရှားမှုများအဖြစ် ဝိဇ္ဇာခန်းမရှေ့ နှင့် ဝိဇ္ဇာခန်းမအတွင်း၌ ကချင်တိုင်းရင်းသားရိုးရာအက၊ မြန်မာ့ဆုတောင်းယိမ်းအက၊ ကယားတိုင်းရင်းသားရိုးရာ အက၊ ရွှေခြေချင်းနှင့် မဟာဆန်သူယိမ်းအက၊ ကရင် တိုင်းရင်းသားရိုးရာအက၊ ဆွမ်းတော်ဗျို့ ယိမ်းအက၊ တူနှစ်သွယ် နှစ်ပါးသွားအက၊ ချင်းတိုင်းရင်းသားရိုးရာ ဝါးညှပ်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး Portrait လူ၊ ဓာတ်ပုံပုံတူပန်းချီရေးဆွဲခြင်း၊ Caricature ရုပ်ပြောင်ပုံများ ရေးဆွဲခြင်း၊ ပို့စကတ်များရေးဆွဲခြင်းတို့ကိုလည်း ထည့်သွင်း စီစဉ်ခဲ့ရာ လူငယ်များ စိတ်ဝင်တစား ကြည့်ရှုအားပေးကြ သည်။
အသိပညာပေးအစီအစဉ်များအဖြစ် ဝိဇ္ဇာခန်းမရှေ့၌ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာ တူရိယာများ၊ ရိုးရာအစားအစာများနှင့်Landmark များ၏ ဓာတ်ပုံများနှင့် ဗီဒီယိုပြသခြင်း၊ တိုင်းရင်းသား ရှစ်မျိုးတို့၏ အမျိုးသား အမျိုးသမီးဝတ်စုံများကို ရုပ်တုများတွင် ဝတ်ဆင်၍ ထင်ရှားသည့် တူရိယာများနှင့်အတူ ခင်းကျင်း ပြသခြင်း၊ မြန်မာတိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်၍ ဓာတ်ပုံရိုက်ခြင်း၊ ဥာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုခြင်း နှင့် တိုင်းရင်းသား အမျိုးသား အမျိုးသမီး ရုပ်တုများနှင့် ဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ်များကို ပြုလုပ်လျက်ရှိသည်။
Science Fair ပြခန်းများပြသခြင်းအဖြစ် ဘွဲ့နှင်း သဘင်ခန်းမနှင့် စီးပွားရေးတက္ကသိုလ်အကြားရှိ ပြခန်း များတွင် လူငယ်များတီထွင်ပြသထားသည့် သိပ္ပံပစ္စည်း များနှင့် အိုင်တီပစ္စည်းများသည် လူငယ်ထုတို့အတွက် စိတ်လှုပ်ရှားအားတက်ဖွယ်ဖြစ်ခဲ့သည်။
စီးပွားရေးတက္ကသိုလ်ရှေ့တွင် ခင်းကျင်းပြသထားသည့် အလုပ်အကိုင်အခွင့်အလမ်းပြခန်းများကလည်း ကုမ္ပဏီ များမှ လိုချင်သည့် လုပ်သားများ၏ အရည်အချင်း၊ လိုအပ် ချက်ကို လူငယ်ထုက သိရှိပြီး အလုပ်အကိုင်အခွင့်အလမ်း များကို ချိတ်ဆက်နိုင်ရန် သတင်းအချက်အလက်များလည်း ရရှိနိုင်မည်ဖြစ်သည်။
အဓိပတိလမ်းမတစ်လျှောက်တွင် ပြသထားသည့် လူငယ်စံပြရိပ်သာ၊ မူးယစ်ဆေးဝါး ပညာပေးပြခန်းများ၊ ကလေးသူငယ်စွန့်ပစ်မှု ပပျောက်ရေးဆိုင်ရာ ပြခန်းများ အပါအဝင် အသိပညာပေးပြခန်းများသည် လူငယ်ထု အတွက် စိတ်ဝင်စားဖွယ်ဖြစ်သလို ရိုးရာအဝတ်အထည်များ၊ အစားအသောက်များ၊ လက်မှုပညာပစ္စည်းများ၊ သိပ္ပံ ဆိုင်ရာ ပစ္စည်းပြခန်း၊ ပုံတူပန်းချီရေးဆွဲခြင်း ပြခန်းများ တွင်လည်း ကျောင်းသား ကျောင်းသူ လူငယ်များဖြင့် အထူး စည်ကားလျက်ရှိသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သည် လူငယ်များ အတွက် အသိပညာဗဟုသုတများ ဖြည့်ဆည်းပေးရုံသာမက လူငယ်ထုတစ်ရပ်လုံး ပျော်ရွှင်နိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်ထားရာ မြန်မာနိုင်ငံခြေလျင်တောင်တက် အဖွဲ့ချုပ်၏ အပျော်တမ်း တောင်တက်လေ့ကျင့်မှုအစီအစဉ် အပါအဝင် ပျော်ပွဲရွှင်ပွဲကဏ္ဍများတွင် ကလေး၊ လူငယ်များ ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲကြသည်။
အလားတူ ပြန်ကြားရေးဝန်ကြီးဌာန လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီကလည်း ပွဲတော်သို့ လာရောက်ဆင်နွှဲကြ သည့် လူငယ်များနှင့် ပြည်သူများကို ပွဲတော်ဆိုင်ရာသတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အတွက် သတင်းလွှာများနှင့် နေ့စဉ်ထုတ်သတင်းစာများကို ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။
လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို နိုင်ငံတော်အစိုးရ က မြန်မာလူငယ်များ အချင်းချင်း အသိပညာ အတတ် ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ¤င်းတို့၏ အတွေး အမြင်ကောင်းများဖြင့် အကောင်အထည်ဖော်တည်ဆောက် နိုင်ရန် ရည်ရွယ်ချက်များနှင့် ဒီဇင်ဘာ ၃ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment