Sunday, December 3, 2017

အဓိပတိလမ်းမထက်က လူငယ်ဆိုင်ရာ အသိပညာပေး စကားသံများ

Image may contain: 1 person, outdoor and closeup
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဒုတိယနေ့တွင်RC ခန်းမ၌ ရုပ်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေ ပရဟိတ အဖွဲ့၏ ''နိဂုံးမဲ့ပန်းကလေးများ၊ လိုအပ်နေသော မေတ္တာတရားနှင့် စာနာပေးပါ'' ပြဇာတ်၊ အခရာ အမျိုး သမီးအဖွဲ့ ၏ ''လူငယ်လိင်မှုရေးရာနှင့် တန်ဖိုး'' ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီ မွေးကင်းစကလေး ငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီး ရေးအဖွဲ့၏ ''မိသားစုရင်ခွင်မှာရှင်သန် ခွင့်ပေးပါ'' ဥာဏ်စမ်းပဟေဠိ အစီအစဉ် များနှင့် လူငယ်ဆိုင်ရာအသိပညာပေး အစီအစဉ်များကို ကျင်းပခဲ့သည်။
အဆိုပါ အစီအစဉ်များတွင် ပါဝင် သူများကို မြန်မာ့သတင်းစဉ်က ယခု ကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ
သက်ငယ်မုဒိမ်းမှုတွေပပျောက်ဖို့၊စွန့်ပစ်ခံကလေးတွေ လျော့ကျဖို့နဲ့ ပတ်သက်ပြီး ကူညီပေးတာပါ၊ ပြဇာတ် တိုလေးတွေ၊ တေးသရုပ်ဖော်တွေ လည်း စီစဉ်ထားပါတယ်၊ သက်ငယ် မုဒိမ်းမှု ဘာကြောင့် ဖြစ်တာလဲဆိုတာ အသိပညာပေးချင်တာပါ၊ ရုပ်သံတွေ၊ ဂျာနယ်၊ သတင်းစာတွေမှာ အမြဲတမ်း လည်း ပညာပေးနေပါတယ်၊ ဒါကြောင့် လေ့လာပါ၊ ဒီပွဲမှာ လာရောက် လေ့လာပြီး အသိပညာတွေကို အခြား သူငယ်ချင်းတွေကို ပြန်ပြီးမျှဝေပေးပါ၊ အဓိကက သက်ငယ်မုဒိမ်းမှုပပျောက် ရေးအတွက် လှုံ့ဆော်ပေးတာပါ၊ ဒီနေ့ ပြဇာတ်ဆိုရင် မိန်းကလေးအများစု ဖျက်ဆီးခံရတဲ့ အကြောင်းရင်းကို အခြေခံပြီးတင်ဆက်ပြသခြင်း ဖြစ်ပါ တယ်၊ အခုလို နိုင်ငံတော်အဆင့် ပြုလုပ်တဲ့ပွဲမှာ ရုပ်ရှင်မင်းသမီးတစ်ဦး အနေနဲ့ရော ပရဟိတဆောင်ရွက် နေသူတစ်ဦးအနေနဲ့ ပါဝင်ခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်၊ ဒီပွဲတော် က လူငယ်ဘက်စုံဖွံ့ဖြိုးရေးဆိုတော့ အလွန်ကောင်းပါတယ်၊ ဒီပွဲကို လာရောက်ခြင်းအားဖြင့် ကလေးတွေ စိတ်ဓာတ်ခွန်အား တက်ကြွလာမယ်၊ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုတွေ ရရှိတာ ကြောင့် လူငယ်တိုင်းလာရောက်သင့် ပါတယ်။
ဒေါ်ထားထား(အခရာအမျိုးသမီးအဖွဲ့တည်ထောင်သူ)
ကျွန်မတို့အဖွဲ့က အမျိုးသမီးတွေ နဲ့ကလေးသူငယ်တွေကို အကြမ်းဖက် မှုက တားဆီးကာကွယ်ရေးလုပ်ငန်း တွေကို ဆောင်ရွက်နေပါတယ်၊ ဒီနေ့ ပွဲတော်မှာ ပြခန်းတွေအနေနဲ့ အမျိုး သမီးရေးရာ၊ အမျိုးသမီးများကွန်ရက် (မြန်မာ)နဲ့ ရုပ်ရှင်မင်းသမီးခိုင်နှင်းဝေ တို့အဖွဲ့နဲ့ ပူးပေါင်းပြီး ပြခန်းလာ ရောက်သူတွေအတွက် စကားဝိုင်းတွေ ပြုလုပ်ပေးနေပါတယ်၊ လာတဲ့သူတွေ ပညာရသွားအောင်ပါ။
ဒေါက်တာပြုံးမိုအိ(မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ဝင်)
ဒီပွဲမှာလူငယ်တွေကို အသိပညာ ပေးချင်လို့ ပြခန်းတွေပါဝင်ပြသပါ တယ်၊ ဥာဏ်စမ်းတွေ၊ တစ်ခန်းရပ် ပြဇာတ်တွေလည်း ပါဝင်ကပြတယ်၊ အဓိကက မလိုလားအပ်တဲ့ ကိုယ်ဝန် ရပြီး မွေးဖွားပြီးတဲ့နောက် ကလေး တွေကို စွန့်ပစ်ကြတယ်၊ ကျွန်မတို့ အနေနဲ့ကတော့ ကလေးတိုင်းကလေး တိုင်းဟာ မိဘရင်ခွင်မှာပဲ ကြီးပြင်း စေချင်ပါတယ်၊ ကလေးတွေဆိုတာ တစ်ချိန်မှာ အနာဂတ်နိုင်ငံကို ခေါင်းဆောင်မယ့်သူတွေဆိုတော့ သူတို့ကို စိတ်ဒဏ်ရာနဲ့ ဘဝကို မစ စေချင်ဘူး၊ ဒီလို မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုဖြစ်တာတွေကို ကာကွယ်တားဆီးနိုင်ရင် ကလေးတွေ စွန့်ပစ်တာတွေကို တားဆီးကာကွယ် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ဒီလို ဖြစ်စဉ်တွေ လူငယ်တွေပတ်ဝန်းကျင် မှာ အဖြစ်များတာကြောင့် ဆင်ခြင် သတိရှိသွားတဲ့အခါ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေ မရှိတော့ဘဲ ကလေးစွန့်ပစ်ရတဲ့အဖြစ်ကို မရောက် တော့ဘူးလို့ ယူဆပါတယ်၊ ဒီပွဲတော် မှာ အသိပညာတွေပေးတယ်၊ လက်ကမ်းစာစောင်တွေ မျှဝေပေး တယ်၊ ပညာပေးအစီအစဉ်ဖြစ်တဲ့ ဥာဏ်စမ်းပဟေဠိတွေကို ဖတ်ပြီး ဖြေဆိုနိုင်တယ်၊ မှန်ရင်လက်ဆောင် ပစ္စည်းတွေပေးတယ်၊ ဒီလိုနဲ့အသိ ပညာတစ်ခုခုရရှိသွားပြီး သားဆက် ခြားတဲ့ နည်းလမ်းတွေကို သိသွားမယ်၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို လူငယ်တွေ အများကြီးလာရောက်ကြ တဲ့အတွက် ကျွန်မအနေနဲ့ အားတက် မိပါတယ်၊ လူငယ်တွေဆိုတာ တစ်နေရာထဲမှာ ထူးချွန်နေလို့ မရ ပါဘူး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တအထိ ထူးချွန် မှ ဖြစ်မှာပါ၊ ဒါမှ အခွင့်အလမ်းတွေ တိုးတက်လာပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အောင်မြင်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းဝင်းမော်၊ မြတ်စန္ဒီ
ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment