Thursday, December 28, 2017

တောင်သူများအား မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးနိုင်ရန် မျိုးစေ့သန့်စင်စက်ဖြင့် မျိုးသန့်စင်မှုများ ဆောင်ရွက်ပေးလျက်ရှိ

Image may contain: sky and outdoor
နေပြည်တော် ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ချီပါကျေးရွာ ကွင်းအမှတ် (၃ဝ၇၈) တောင်သူ ၂၆ ဦးဖြင့် စိုက်ပျိုးဆောင် ရွက်ထားသော ရွှေဘိုပေါ်ဆန်းမျိုးစေ့ ထုတ်စိုက်ခင်း ဧက ၁ဝဝ ရှိ လယ်မြေ သုည ဒသမ ၁ဝ ဧကအား စံကွက် ရိတ်သိမ်းမှုကို စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးခင်မောင်ညွန့်၊ ရွှေဘိုခရိုင်ဦးစီး မှူးဦးဆွေနှင့် စိုက်ပျိုးရေးဦးစီးဌာန နှင့်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်း ဆင်းစစ်ဆေး ကြည့်ရှုအားပေးသည်။
ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ် ဧက၁ဝဝ အတွင်း ပါဝင်သော မျိုးစေ့ မျိုးသန့်များကို ကိုရီးယားအပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက် မှု KOPIA (Korean Program of International Agriculture) အစီ အစဉ်မှ ပံ့ပိုးပေးခဲ့သည်။ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ကြီးကြပ်၍ မျိုးစေ့ ထုတ်လုပ်မှု နည်းစနစ်များ၊ မျိုးကွဲ ပယ်ခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာ စသည်တို့ကို အနီးကပ်ကြီးကြပ်ခဲ့ပြီး သုည ဒသမ ၁ဝ ဧကအား စံကွက် ရိတ်သိမ်းရာတွင် ၈၁ ဒသမ ၁၆ တင်း နှုန်း ထွက်ရှိကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ ချီပါမျိုးသန့်ခြံရှိ ဧရာမင်း နှင့် ရွှေဘိုပေါ်ဆန်းမျိုးသန့်များ ရိတ်သိမ်းပြီးစီးမှုနှင့် မျိုးသန့်စင်မှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
မင်းမြတ်ဦး(နေပြည်တော်)
ဓာတ်ပုံ-စိုက်ပျိုးရေး

No comments:

Post a Comment