Wednesday, December 27, 2017

ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရေး အစ္စရေးဗဟိုဘဏ် လေ့လာနေဟုဆို

No automatic alt text available.
ဂျေရုဆလင် ဒီဇင်ဘာ ၂၆
အစ္စရေးဗဟိုဘဏ်သည် ပိုမိုမြန်ဆန်သော ငွေပေးချေမှုစနစ်တစ်ရပ်ကို ဖန်တီးနိုင်ရန်လည်း ကောင်း၊ အမျိုးသားစီးပွားရေးတွင် ငွေသားပမာဏလျှော့ချနိုင်စေရန်လည်းကောင်း ဒစ်ဂျစ်တယ် ငွေကြေးထုတ်ဝေရန် လေ့လာသုံးသပ်လျက်ရှိကြောင်း ဗဟိုဘဏ်သတင်းရပ်ကွက်ကို ကိုးကား လျက် ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
အစ္စရေးအစိုးရအဖွဲ့သည် ဗဟိုဘဏ်၏သဘောတူညီမှုရရှိမည်ဆိုပါက ဒစ်ဂျစ်တယ်ငွေကြေး ထုတ်ဝေရေးအတွက် ဥပဒေရေးဆွဲရန် အသင့်ရှိကြောင်း၊ ၂ဝ၁၉ ခုနှစ် နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်းနှင့် စီးပွားရေးအစီအစဉ်တွင် ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုရေးကို ဖော်ပြဖွယ်ရှိ ကြောင်း၊ သို့ရာတွင် ယခုအချိန်အထိ ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲရေးနှင့်ပတ်သက်၍ အစိုးရ အဖွဲ့က တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချမှတ်ရခြင်း မရှိသေးကြောင်း အမည်မဖော်သူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဟောကိန်းထုတ်
ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြစ်သော Bitcoinနှင့် အခြားသော ဒစ်ဂျစ်တယ်ငွေကြေးများ (Cryptocurrencies) ပေါ်ထွန်းလာခြင်းနှင့်အတူ တစ်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏စီးပွားရေးဘဝတွင် ဒစ်ဂျစ်တယ်ငွေကြေးများကို ဗဟိုဘဏ်များက အသီးသီး ထုတ်ဝေလာကြမည် ဟု စီးပွားရေးပညာရှင်များက ဟောကိန်းထုတ်ထားကြသည်။
သို့ရာတွင် နိုင်ငံတော်ဗဟိုဘဏ်ကထုတ်ဝေမည့် မည်သည့်ဒစ်ဂျစ်တယ်ငွေကြေးမဆို ဗဟိုမှ ထိန်းချုပ်မှုရှိရမည်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေစည်းမျဉ်းများနှင့်လည်း ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း အစ္စရေးသတင်းရပ်ကွက်က ပြောကြားသည်။
ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များသည် ဒစ်ဂျစ်တယ်ငွေကြေးများ အသုံးပြုရေးနှင့် ပတ်သက်၍ လေ့လာသုံးသပ်လျက်ရှိကြသည့်နည်းတူ အစ္စရေးဗဟိုဘဏ်ကလည်း အလားတူလေ့လာသုံးသပ် လျက်ရှိသည်ဆို၏။
အစ္စရေးဗဟိုဘဏ် တာဝန်ရှိသူများကမူ မှတ်ချက်ပြု ပြောဆိုရန်ငြင်းဆိုသည်။
ရိုက်တာ

No comments:

Post a Comment