Wednesday, December 27, 2017

တရုတ်နိုင်ငံမြောက်ပိုင်း ဟာဘဲ့ပြည်နယ်တွင် ဖန်သားပြင်ကြိုးဆိုင်းတံတားသစ် ဖွင့်လှစ်

Image may contain: 1 person, standing, bridge, shoes, sky and outdoor
ရှီကျားကျန်း ဒီဇင်ဘာ ၂၆
အလျား ၄၈၈ မီတာ ရှိပြီး ဖန်သားဖြင့်တည်ဆောက်သော သံမဏိကြိုးဆိုင်းတံတားသစ် တစ်စင်းကို တရုတ်နိုင်ငံမြောက်ပိုင်းဟာဘဲ့ပြည်နယ် ပင်းရှန်ခရိုင်တွင် ဖွင့်လှစ်လိုက်ကြောင်း ဒီဇင်ဘာ ၂၆ ရက် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ဗြက်လေးမီတာကျယ်ဝန်းသော ဖန်သားပြင် ကြိုးဆိုင်းတံတားသည် မြေပြင်အထက် ၂၁၈ မီတာခန့်တွင် ချောက်ကမ်းပါးနှစ်ခုအကြား ဆက်သွယ်ထားသည်။ တံတား၏ မြေပြင်အမြင့်မှာ အထပ် ၆၆ ထပ်ရှိ အဆောက်အအုံ၏ အမြင့်နှင့်အလားသဏ္ဌာန်တူညီကြောင်း၊ ယင်းတံတား တည်ရှိရာ နေရာမှာ ဟောင်ရာဂုတောင်၏ ရှုမငြီးဖွယ်ရာနေရာတွင် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
အဆိုပါတံတားသည် တစ်ကြိမ်လျှင် လူပေါင်း ၆ဝဝ ခန့် ဖြတ်သန်းနိုင်ပြီး ဖန်သားပြင် ကြိုးတံတားကို အလေးချိန်တန် ၁၂ဝ ရှိ ကေဘယ်ကြိုးများက ဆိုင်းထားပေးသည်။ တံတား တည်ဆောက်ရာတွင် လေးစင်တီမီတာ အထူရှိ ဖန်သားမှန်ကူကွက်ပေါင်း ၁ဝဝဝ ကျော် အသုံးပြုထားသည်။ ဖန်သားပြင်ခင်း ကြိုးတံတားများကို တရုတ်နိုင်ငံရှိ အခြားဒေသများတွင် လည်းတွေ့ရှိနိုင်သည်။ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသများတွင် ယင်းသို့သော တံတားများကို တွေ့ရှိနိုင်သည်။ ကျန်ရှားယွေဒေသ၌ မြေမျက်နှာပြင်အထက် မီတာ ၃ဝဝ အမြင့်တွင် ကမ်းပါးနှစ်ခုကို ဆက်သွယ်လျက် မီတာ ၄၃ဝ ရှည်လျားကာ ခြောက် မီတာကျယ်ဝန်းသည့် ဖန်တံတားတစ်စင်းမှာ ကမ္ဘာလှည့် ခရီးသည်များအတွင်း ရေပန်းစားသော တံတားတစ်စင်းဖြစ်သည်။
ဆင်ဟွာ

No comments:

Post a Comment