Wednesday, December 27, 2017

အစ္စရေးနှင့် ပါလက်စတိုင်း အတူယှဉ်တွဲနေထိုင်ရေး ညှိနှိုင်းဆွေးနွေးကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တိုက်တွန်း

Image may contain: one or more people, people standing and outdoor
ဗာတီကန်စီးတီး ဒီဇင်ဘာ ၂၆
အစ္စရေးနှင့်ပါလက်စတိုင်း ပဋိပက္ခအဆုံးသတ် စေရေးအတွက် နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးအယူအဆနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ္စမတ်ပွဲတော်(နာတာလူးပွဲတော်) အထိမ်း အမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာတွင် တိုက် တွန်းထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများ က ဒီဇင်ဘာ ၂၆ရက်တွင် သတင်းထုတ်ပြန်သည်။
တင်းမာမှု
ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏မြို့တော် အဖြစ် အသိအမှတ်ပြုသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုခဲ့ရာမှ ဒေသတွင်း တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရဟန်းမင်းကြီးက အရှေ့အလယ်ပိုင်းပဋိပက္ခ နှင့် ကမ္ဘာ့ဆီပူအိုးဒေသများ အရေးတို့နှင့် ပတ်သက်၍ ¤င်း၏မိန့်ခွန်းတွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။
အပြန်အလှန် သဘောတူညီမှု ရှိပြီး နိုင်ငံတကာက လက်ခံနိုင်သည့် နယ်စပ် ဒေသများကို အသိအမှတ်ပြုကြလျက် ငြိမ်း ချမ်းစွာ အတူယှဉ်တွဲ နေထိုင်သင့်ကြကြောင်း ပုပ်ရဟန်းမင်းကြီးက အစ္စရေးနှင့် ပါလက် စတိုင်းတို့ကို ရည်ညွှန်းလျက် ပြောကြားသည်။
ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်ကို စီးမိုး တွေ့မြင်နိုင်သော ကျောင်းဆောင်၏ လသာ ဆောင်ပေါ်မှနေ၍ ဘုရားဖူးများအား ပုပ်ရဟန်း မင်းကြီးက ခရစ္စမတ်မိန့်ခွန်း မြွက်ကြားခဲ့သည်။
အမေရိကန်သမ္မတ ထရန့်သည် ဒီဇင်ဘာ ၆ ရက်က ဂျေရုဆလင် အဆင့်အတန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ် ခဲ့ပြီးချိန်နောက်ပိုင်း ယင်းမြို့နှင့်ပတ်သက်၍ ရဟန်းမင်းကြီးက လူသိရှင်ကြား ထုတ်ဖော် ပြောကြားခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။
ပြောဆို
ဂျေရုဆလင်မြို့ကို နဂိုရှိရင်းစွဲ အနေ အထားအတိုင်း ထားရှိရေး အယူအဆကို လေးစားလိုက်နာကြရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသည်။ အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုအသစ် ထပ်မံဖြစ်ပေါ်လာခြင်းမရှိစေ ရေး၊ ကမ္ဘာ့ပဋိပက္ခများအတွင်းသို့ နောက်ထပ် မီးထိုးပေးခြင်းမရှိရေးတို့ကို ပုပ်ရဟန်းမင်းကြီး က အလေးအနက်ပြု ပြောဆိုခဲ့သည်။
ပါလက်စတိုင်းတို့သည် အနာဂတ်ကာလ တွင် လွတ်လပ်သော နိုင်ငံတော်ထူထောင်ရာ၌ အရှေ့ဂျေရုဆလင်ကို ၎င်းတို့၏ မြို့တော် အဖြစ် သတ်မှတ်ရန် လိုလားကြသည်။
ရိုက်တာ

No comments:

Post a Comment