Tuesday, December 26, 2017

မတူညီသောအသိုင်းအဝိုင်းနှစ်ခုအကြား ရှင်းလင်းပြတ်သားသော သတင်းအချက်အလက်များ ရောက်ရှိရေးသည် လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား





ရန်ကုန် ဒီဇင်ဘာ ၂၅



 

 ပြဿနာဖြစ်ပွားနေသည့် လူမှုအသိုင်း အဝိုင်းတွင် လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံ ကျောင်းတွင် ကျင်းပရာ UEHRD ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်သူ့အရေးဖြစ်
ပြည်ထောင်စုဝန်ကြီးက ယနေ့ က္ဘာ့နိုင်ငံ အသီးသီးတွင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ တွင်လည်း ပဋိပက္ခဖြစ်ပွားမှုများရှိပြီး ခြိမ်းခြောက်မှုများ ရှိလာပါကြောင်း၊ ပြဿနာဖြစ်ပွားရခြင်းသည် အသိုင်း အဝိုင်းနှစ်ခုတွင် မတူညီမှုများရှိ၍ ဖြစ်ကြောင်း၊ မညီမျှမှုသည် ပဋိပက္ခ ဖြစ်ပွားမှု၏ အကြောင်းရင်းတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ဆုတ်ယုတ်စေ ပါကြောင်း၊ ပြဿနာကို ငြိမ်းအေးအောင် ဆောင်ရွက်ရာတွင် ပြည်သူ့အရေး ဖြစ်၍ ပြည်သူများက ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မတူညီသော အသိုင်းအဝိုင်း နှစ်ခုကြား ငြိမ်းချမ်းမှုရရှိရေး ကိုယ်တိုင် ပါဝင်လာစေရန် ယနေ့သင်တန်း တက်ရောက်လာသူများက ညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ပြဿနာ များတွင် တစ်နိုင်ငံလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး UEHRD ပြည်ထောင်စု စီမံကိန်းကြီး ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုစီမံကိန်း၏ ရည်ရွယ်ချက် တွင်လည်း ပဋိပက္ခများ ထပ်မံမဖြစ်ပွား စေရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး ဆောင်ရွက်ရန် ပါဝင်ပါကြောင်း၊ လူမှု ဝန်ထမ်းသမားများအနေဖြင့် ရပ်ရွာ ဒေသအရောက် သွားရောက်တာဝန် ထမ်းဆောင်ရာတွင် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးကို တတ်ကျွမ်းထားသော လူမှုဝန်ထမ်းပညာရပ်များဖြင့် ဦးတည် ဆောင်ရွက်ပေးစေလိုကြောင်း ပြော ကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် Community and Family Services International (CFSI) အဖွဲ့၏ Executive Director ဖြစ်သူ Mr. Steven Muncy က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်း ပြောကြားသည်။ အဆိုပါ ငါးရက်တာ ဖွင့်လှစ်သည့် သင်တန်းသို့ ရခိုင်ဒေသတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် လူမှုဝန်ထမ်း ဦးစီးဌာန၏ ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၃ဝ တက်ရောက်လျက် ရှိသည်။
သတင်းစဉ်

No comments:

Post a Comment