Tuesday, December 26, 2017

အထက(၁)လသာ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းသားဟောင်းများ၏ (၂၅)ကြိမ်မြောက်(ငွေရတု)အာစရိယပူဇော်ပွဲကျင်းပ





 နေပြည်တော် ဒီဇင်ဘာ ၂၅



 

အထက(၁)လသာမှ ကျောင်းသား ဟောင်းများနှင့် အလှူရှင်များက ဆောက်လုပ် လှူဒါန်းသည့် လေးထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လသာမြို့နယ်ရှိ အဆိုပါကျောင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ဟောင်းများ၊ ကျောင်းသားများ၊ အလှူရှင်များ တက်ရောက်ကြသည်။
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကျောင်းဆောင်သစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ကျောင်း ဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍အမှာစကား ပြောကြား သည်။
ယင်းနောက် ကျောင်းသားဟောင်း များအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်လှိုင်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ရန်ကုန်တိုင်းပညာရေး òန်ကြားရေးမှူးရုံး (စီမံ၊ ဘဏ္ဍာ) ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့် သန်းထံသို့ လေးထပ်ကျောင်းဆောင် သစ်ကြီးအား လွှဲပြောင်းပေးအပ် သည်။
ထို့နောက် စစ်ပြီး ခေတ်ကျောင်းသား ဟောင်းများအဖွဲ့မှ ကာတွန်းဦးစိန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပန်းချီကားအား အမှတ်တရလက်ဆောင် အဖြစ်ပေးအပ်သည်။
ထို့အတူ ယနေ့ နံနက်ပိုင်းတွင် ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်) အထက (၁) လသာ ကျောင်းသားဟောင်းများ၏(၂၅)ကြိမ် မြောက် (ငွေရတု) အာစရိယပူဇော်ပွဲ အခမ်းအနားအား ရန်ကုန်မြို့ လသာ မြို့နယ်ရှိ အဆိုပါကျောင်း ဗဟိုစံပြခန်းမ ၌ ကျင်းပသည်။
သြဝါဒစကားချီးမြှင့်
အဆိုပါအခမ်းအနားသို့ ဆရာကြီး၊ ဆရာမကြီး ၆၅ ဦးတက်ရောက်ကန်တော့ ခံကြကာ အဆိုပါကျောင်းတွင် အလယ် တန်းမှ အထက်တန်းအထိပညာသင် ကြားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်အတူ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ် အထိ ကျောင်းသားဟောင်းများတက် ရောက်ကြပြီး ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုး၍ ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေစွာ ဂါရဝ ပြုကန်တော့ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးအေးသိန်းက သြဝါဒစကားချီးမြှင့် ပြော ကြားသည်။
ဆက်လက်၍ ဂါရဝပြုကန်တော့ လက်ဆောင်ပစ္စည်းများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက် လာကြသည့် ကျောင်းသားဟောင်းများက ဆရာကြီး၊ ဆရာမကြီးများထံရိုသေစွာ ဂါရဝပြုပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment