Wednesday, December 27, 2017

ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းသုံးနှစ်ပြည့်အခမ်းအနား ကျင်းပ

Image may contain: 2 people, people smiling, people standing
ပုသိမ်ကြီး ဒီဇင်ဘာ ၂၆
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ကြူဝန်းကျေးရွာရှိ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်း ကျောင်း သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် လုပ်ငန်းများ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းတို့ တက်ရောက်အားပေးပြီး အဖွင့်အမှာစကားပြောကြား သည်။
ထို့နောက် သင်တန်းကျောင်း၏ဆောင်ရွက်ချက်များကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ရှင်းလင်းတင်ပြပြီး ကိုရီးယားသမ္မတနိုင်ငံKOICA အဖွဲ့အစည်းမှ စိုက်ပျိုးရေးပညာ အကြံပေး ပညာရှင် Mr.Son Tae Mon က ကျေးဇူးတင်စကားပြောကြား ပြီး ရိတ်သိမ်းချိန်လွန်နည်းပညာဆောင်းပါးများ ရေးသား ခဲ့သည့်ဆောင်းပါးရှင်ဆရာ ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်များသည် သင်တန်းကျောင်းအတွင်းရှိ သီးနှံ ထုပ်ပိုးစက်ရုံ၊ သင်တန်းပို့ချသည့်ခန်းမ၊ အရည်အသွေး စစ်ဆေးသည့်ဓာတ်ခွဲခန်းများနှင့် လုပ်ငန်းသုံးဓာတ်ခွဲပစ္စည်း များ၊သင်တန်းကျောင်းမှထုတ်လုပ်သော စားသောက်ကုန် သီးနှံပစ္စည်းများ၊စိုက်ပျိုးရေးပညာပေးခင်းကျင်းပြသထား သော ပြခန်းများ၊ဓာတုကင်းလွတ်သီးနှံစိုက်ခင်းများအားကြည့်ရှုအားပေးသည်။
ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရင်းနှီးမှု အစီအစဉ်အရ KOICAထောက်ပံ့မှုဖြင့်ဖွင့်လှစ်ခဲ့ပြီးရက်တိုသင်တန်း ၇၄ ကြိမ်ဖွင့်လှစ်ပြီးစိုက်ပျိုး ထုတ်လုပ်သူတောင်သူ ၇၉၂ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်း ၁၅၉၆ ဦးအား ရိတ်သိမ်း ချိန်လွန်နည်းပညာများသင်ကြားပို့ချပေးခဲ့ပြီး၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် စိုက်ပျိုးရေးပညာသင်တန်း ၃၂ ကြိမ်ဖွင့်လှစ် ကာ သင်တန်းသား ၁၁ဝဝ ခန့်သင်ကြားပို့ချရန်စီစဉ်ဆောင် ရွက်ထားကြောင်းသိရသည်။
မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment