Monday, December 4, 2017

မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆုချီးမြှင့်

Image may contain: 4 people, people smiling, people standing and indoor
ရန်ကုန် ဒီဇင်ဘာ ၃
၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဖလား အမျိုးသား အမျိုး သမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲတွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းနှင့်အမှုဆောင်များနှင့် နည်းပြဟောင်းတို့က အမျိုးသမီး ပြိုင်ပွဲတွင် ပထမဆုရရှိသောONEအသင်းအား တစ်ဦးချင်းအလိုက် ဆုတံဆိပ်နှင့် ငွေကျပ် ငါးသိန်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးအသင်းအား တစ်ဦးချင်းအလိုက် ဆုတံဆိပ်နှင့် ငွေကျပ်သုံးသိန်း၊ တတိယဆုရရှိသောSweety အသင်းအား တစ်ဦးချင်းအလိုက်ဆုတံဆိပ်နှင့် ငွေကျပ်နှစ်သိန်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသောRip City အသင်းအား တစ်ဦးချင်း အလိုက် ဆုတံဆိပ်နှင့် ငွေကျပ် ရှစ်သိန်း၊ ဒုတိယဆုရရှိသွားသော Kings အသင်းအား တစ်ဦးချင်းအလိုက် ဆုတံဆိပ်နှင့်ငွေကျပ် ခြောက်သိန်းနှင့် တတိယဆုရရှိသောFire Wolf အသင်းအား တစ်ဦးချင်းအလိုက် ဆုတံဆိပ် နှင့် ငွေကျပ်လေးသိန်း အသီးသီးချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်အေးက အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရ ONE အသင်းမှ ကျောနံပါတ်-၇ ဆုထက်ထက်နိုးနှင့် အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရRip City အသင်းမှ ကျောနံပါတ်-၇ အောင်မြင့်တို့အား ငွေသားဆုနှင့် ဆုတံဆိပ်တို့ ပေးအပ်ချီးမြှင့်သည်။ မြန်မာ နိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းက အမျိုးသမီး ပြိုင်ပွဲတွင် ပထမဆုရရှိသော ONEအသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ပထမ ဆုရရှိသောRip City အသင်းတို့အား တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
အား/ကာ

No comments:

Post a Comment