Monday, December 4, 2017

မြန်မာ ယူ-၂၃ အသင်း MNLညွန့်ပေါင်းအသင်းနှင့် ခြေစမ်းပွဲကစားမည်

Image may contain: 2 people, people playing sports and outdoor
နေပြည်တော် ဒီဇင်ဘာ ၃
ထိုင်းနိုင်ငံ၌ ကျင်းပမည့် M-150 Cupယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၂၃ အသင်းသည် ယနေ့ ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ MNLညွန့်ပေါင်းအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းသည် ယင်းပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ယခုခြေစမ်းပွဲအပြီးတွင် အပြီးသတ် ကစားသမားများ ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းတွင် ထိုင်းကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့မည့် အောင်သူ ပါဝင်လာခြင်းမရှိသော်လည်း အခြားနာမည်ကြီးကစားသမားများ ပါဝင်မည်ဖြစ်သည်။
MNLညွန့်ပေါင်းအသင်းသည် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ပြည်တွင်း ကစားသမား ၁ဝ ဦး၊ ပြည်ပကစားသမား ၁ဝ ဦးဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ လက်ရွေးစင်ကစားသမားများဖြစ်သည့် ကျော်ကိုကို၊ ဇော်မင်းထွန်း၊ ကြည်လင်း၊ သီဟစည်သူ၊ ကျော်ဇင်ထက်၊ တင်ဝင်းအောင်တို့ ပါဝင်လာသည့်အပြင် ပြည်ပ ကစားသမားများအဖြစ် ပြီးခဲ့သည့်ရာသီတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၌ ခြေစွမ်း ပြခဲ့သည့် ခရစ္စတိုဖာ၊ မတ်ခ်နှင့် မိုကာလူးတို့ ပါဝင်လာ သောကြောင့် ခြေစမ်းပွဲဖြစ်သော်လည်း ခြေစွမ်းအကုန် အသုံးပြုပါက အကြိတ်အနယ်ရှိမည့် ပွဲကောင်းတစ်ပွဲဖြစ် လာဖွယ်ရှိနေသည်။ မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ် အဖြစ် ဂတ်ဖရိုင်းဒရစ်က ကိုင်တွယ်လျက်ရှိပြီး ကစားသမား များအဖြစ် ဂိုးသမား ဆန်းဆက်နိုင်၊ ပြည့်စုံချစ်၊ နောက်တန်း ထိုက်ထိုက်အောင်၊ စိုးမိုးကျော်၊ ကျော်သက်ဦး၊ လှိုင်မျိုးအောင်၊ နန်းဝေမင်း၊ စည်သူမိုးခန့်၊ ဟိန်းနေဆန်း၊ အောင်ဝဏ္ဏစိုး၊ အလယ်တန်း ရန်နိုင်ဦး၊ ရန်ပိုင်စိုး၊ စည်သူအောင်၊ လှိုင်းဘိုဘို၊ ကျော်မင်းဦး၊ အောင်ဇေယျ၊ လွင်မိုးအောင်၊ ရှေ့တန်း မောင်မောင်လွင်၊ ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ သန်းပိုင်၊ အောင်ကောင်းမာန်နှင့် လွှမ်းမိုးဦးတို့ ပါဝင်နေသည်။MNL ညွန့်ပေါင်းအသင်းတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြ ဦးစိုးမြတ်မင်းတို့က ကိုင်တွယ်မည်ဖြစ်ပြီး ဂိုး သီဟစည်သူ(ရှမ်း)၊ ကျော်ဇင်ထက် (ရန်ကုန်)၊ နောက်တန်း ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း၊ မိုကာလူး(ရန်ကုန်)၊ အန်ဒါဆင်(ရခိုင်)၊ မိုက်ကယ်(မကွေး)၊ မန်ချိုဘီ(ချင်း)၊ ကယ်ဗင်(မဟာ)၊ အလယ်တန်း မတ်ခ် (GFA)၊ ကြည်လင်း၊ ရန်အောင်ကျော်(ရန်ကုန်)၊ တင်ဝင်းအောင် (ရှမ်း)၊ မင်းမင်းသူ(ဧရာဝတီ)၊ ဖရိုင်းဒေး (မဟာ)၊ အက်ကာပို(ရခိုင်)၊ ရှေ့တန်း ကျော်ကိုကို (ရန်ကုန်)၊ ခရစ္စတိုဖာ၊ ဇင်မင်းထွန်း(ရှမ်း)၊ အီမန်နျူရယ် (GFA) တို့ ပါဝင်နေသည်။
MNLညွန့်ပေါင်းအသင်းသည် ခြေစမ်းပွဲဒုတိယပွဲ အဖြစ် ဒီဇင်ဘာ ၆ ရက်တွင် မြန်မာ ယူ-၂၁ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment