Monday, December 4, 2017

အခြေခံရဲတပ်သားသစ်သင်တန်း ဗလတပ်ခွဲသင်တန်းဆင်း

Image may contain: one or more people, people standing, tree, grass, outdoor and nature
ဝက်ထီးကန် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဝက်ထီးကန်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၂) ရဲလေ့ကျင့်ရေးကျောင်း ၏ အခြေခံရဲတပ်သားသစ်သင်တန်း အမှတ်စဉ် (၃ဝ၆/၁၇) ဗလတပ်ခွဲ သင်တန်းဆင်းအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၁ ရက်က အမှတ် (၂) ရဲလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း (၁)၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ် (၂) ရဲလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ယာယီရဲမှူးကြီး ကျော်တေဇက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းဆင်းတပ်ခွဲကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ စံပြကျောင်းသားဆုရ ကသ-၁၂ ကျော်မင်းဦး (စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့)၊ လေ့ကျင့်ရေးထူးချွန်ဆုရ ကသ-၁၅၈ အာကာဖြိုး (အမှတ်-၇ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ)၊ ဥပဒေထူးချွန်ဆုရ ကသ-၇၁ ထွန်းမင်းလတ် (စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့)နှင့် ရဲကျင့်ဝတ် ထူးချွန်ဆုရ ကသ-၉၈ ရဲထွဋ်နောင် (အမှတ်-၇ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ)တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment