Thursday, December 28, 2017

အဲလ်ပ်တောင်တန်းဒေသတွင် ရေခဲတောင်ပြိုကျမှုကြောင့် သုံးဦး သေဆုံး

No automatic alt text available.
ဂျီနီဗာ ဒီဇင်ဘာ ၂၇
ဆွစ်ဇာလန်နိုင်ငံ အဲလ်ပ်တောင်တန်းဒေသတွင် ခရစ္စမတ်ပွဲတော် (နာတာလူးပွဲတော်)ကာလအတွင်း ရေခဲတောင်ပြိုကျမှု သုံးကြိမ် ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာသည်။
ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံတောင်ပိုင်း ဗာလစ်စီရင်စုတွင် ရေခဲတောင်ပြိုကျမှုဖြစ်ပွားရာ အသက် ၃၉ နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။
ဆွစ်ဇာလန်နိုင်ငံ အရှေ့ပိုင်း ဂရူဘန်ဒန်စီရင်စု၌ ပြင်သစ်နိုင်ငံ မှ အသက် ၃၁ နှစ်အရွယ် ခရီးသွားဧည့်သည်တစ်ဦး ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရေခဲတောင်ပြိုကျမှုအတွင်း သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် စိန့်လုစီရင်စုတွင် ဖြစ်ပွားသည့် ရေခဲတောင်ပြိုကျမှုတွင်လည်း ခရီးသွားဧည့်သည် သုံးဦး ဒဏ်ရာ ရရှိခဲ့ရာ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရရှိသောဒဏ်ရာ ဖြင့် သေဆုံးခဲ့ရသည်။
၁၉၃၆ ခုနှစ်နောက်ပိုင်း ဆွစ်အဲလ်ပ်တောင်တန်းဒေသနှင့် ဂျူရာ ဒေသတို့တွင် ရေခဲတောင်ပြိုမှုဖြစ်စဉ် ၁ဝဝဝ ခန့် ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၂ဝဝဝ ခန့် အသက်ဆုံးရှုံးခဲ့ကြရကြောင်း ဒါဗာအိုမြို့ အခြေစိုက် ဆီးနှင်းနှင့် ရေခဲတောင်သုတေသနဌာန၏ အစီရင်ခံစာ တွင် ဖော်ပြသည်။
ဆင်ဟွာ

No comments:

Post a Comment