Thursday, December 28, 2017

မြောက်ကိုရီးယား ထိပ်တန်းအရာရှိနှစ်ဦးအား အမေရိကန်က စီးပွားရေးပိတ်ဆို့မှုချမှတ်


Image may contain: 2 people, people smiling===========

ဝါရှင်တန် ဒီဇင်ဘာ ၂၇
အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အဓိက တာဝန်ယူဆောင်ရွက်ရသည့် ထိပ်တန်းအရာရှိနှစ်ဦး အား စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရ သည်။
အမေရိကန်ဘဏ္ဍာရေးဌာနက မြောက်ကိုရီးယား အလုပ်သမားပါတီ အဖွဲ့ဝင်နှစ်ဦးအား အမေရိကန်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ရှိသည့် မည်သည့် စီးပွားရေးကိစ္စတွင်မဆို ပါဝင်ပတ်သက်မှု မရှိစေရန်နှင့် အမေရိကန် နိုင်ငံသား များနှင့် အကျိုးတူစီးပွားရေးလုပ်ဆောင်မှုများကိုလည်း ပိတ်ပင်တားမြစ်သည့် ကြေညာချက်တစ်ရပ်ကို ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ထိပ်တန်းအရာရှိနှစ်ဦးတို့သည် စစ်လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်ရေးဌာနမှ ထိပ်တန်းအရာရှိများဖြစ်ကြသည့် ကင်ဂျိုဆက်ခ်နှင့် ရီပြောင်ချိုတို့ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စီးပွားရေးပိတ်ဆို့တားမြစ်ခြင်းသည် ကိုရီးယားကျွန်းဆွယ် ဒေသ နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် ရည်ရွယ်ပြီး အမေရိကန်၏ ပြုံယမ်းအပေါ် ဖိအားပေးခြင်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ကင်ဂျိုဆက်ခ်သည် လောင်စာကို အရည်မှ အစိုင်အခဲဖြစ်စေရန် ပြောင်းလဲထုတ်လုပ်မှုနည်းပညာတွင် အရေးပါသူတစ်ဦးဖြစ်ပြီး ရီပြောင်ချိုသည် ပြုံယမ်း၏ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှု နည်းပညာတွင် အဓိက တာဝန်ယူ ဆောင်ရွက်ရသူ တစ်ဦးဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြား ခဲ့သည်။
နိုဝင်ဘာလအတွင်း ပြုံယမ်း၏ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုကို တုံ့ပြန် သည့်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၂ ရက်တွင် ချမှတ်ခဲ့သည့် ဖြေရှင်းချက်တွင်လည်း ကင်ဂျိုဆက်ခ်နှင့် ရီပြောင်ချိုတို့ ပါဝင် ခဲ့ကြသည်။
မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်ဘဏ္ဍာရေးဌာန၏ စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ထုတ်ပြန်ကြေညာချက်သည် သမ္မတ ဒေါ်နယ်ထရန့် ရာထူးတာဝန်များ စတင်ထမ်းရွက်သည့်အချိန်မှစပြီး ခုနစ်ကြိမ်မြောက် ဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment