Monday, December 4, 2017

ဟွန်ဒူးရပ်စ်သမ္မတ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ကာဆန္ဒပြ၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ကာဖျူးအမိန့်ထုတ်ပြန်

Image may contain: 4 people, people standing
တယ်ဂူစီဂါလပါ ဒီဇင်ဘာ ၃
ဟွန်ဒူးရပ်စ်နိုင်ငံ၌ ကျင်းပသော သမ္မတရွေးကောက်ပွဲ၌ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးအကြား ထောက်ခံမဲရရှိမှု သူမသာ ကိုယ်မသာ ဖြစ်နေခြင်းကြောင့် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ တည်ငြိမ်အေးချမ်းရေး အတွက် အစိုးရအဖွဲ့က ညဘက် အပြင်မထွက်ရအမိန့်(ကာဖျူး)ထုတ်ပြန်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၃ ရက် တွင် သတင်းထုတ်ပြန်သည်။
ကာဖျူးအမိန့်အရ ညနေ ၆ နာရီမှ နောက်တစ်ရက် နံနက် ၆ နာရီအထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် ညွှန်ကြားထားပြီး ဒီဇင်ဘာ ၁ ရက် ညမှစ၍ ၁ဝ ရက်တိုင်တိုင် အာဏာ သက်ဝင်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပခဲ့သော အထွေ ထွေရွေးကောက်ပွဲကို အကြောင်းပြု၍ လူမှုရေး မငြိမ်မသက်မှုများ ဖြစ်ပေါ် စေခြင်းမရှိစေရန် ကာဖျူးအမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း လာပရင် ဆာ အမည်ရှိ သတင်းစာက ရေးသား ဖော်ပြသည်။
အမေရိကတိုက် အလယ်ပိုင်းရှိ ဟွန်ဒူးရပ်စ်နိုင်ငံ၌ ရွေးကောက်ပွဲလဒ် ပေါ်ထွက်လာခဲ့ပြီးနောက် ဆူပူ ဆန္ဒပြမှုများ၊ ဖျက်လိုဖျက်ဆီး ပြုလုပ် မှုများ၊ ဈေးဆိုင်များကို လုယက်မှုများ ဖြစ်ပွားခဲ့သည်။
အတိုက်အခံဘက်မှ ရပ်တည် သော သမ္မတဟောင်း ဆယ်လ်မာဒိုနာ ဆရာလားသည် လက်ရှိသမ္မတ ယွန်အော်လွန်ဒိုအား ၁ ဒသမ ၅ ရာခိုင်နှုန်း အမှတ်ဖြင့်ကပ်၍ ရှုံးနိမ့် ခဲ့ရသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ သည်။
ရွေးကောက်ပွဲ ကော်မရှင်သည် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု နာဆရာ လားက စွပ်စွဲခဲ့ပြီးနောက် ဆန်ပီ ဒရိုဆူလာမြို့၌ ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြရာ ရဲတပ်ဖွဲ့က မျက်ရည် ယိုဗုံးအသုံးပြု၍ လူစုခွဲပေးခဲ့ရကြောင်း သတင်းစာတွင် ရေးသားဖော်ပြ သည်။
ဆင်ဟွာ

No comments:

Post a Comment