Monday, December 4, 2017

တရုတ်နိုင်ငံအနောက်ပိုင်း၌ ရေနံသိုက်သစ် ရှာဖွေတွေ့ရှိ

Image may contain: one or more people, ocean, sky, outdoor and water
ပေကျင်း ဒီဇင်ဘာ ၃
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းသည် ရေနံစိမ်း တန်ချိန်သန်း ၅၂ဝ ခန့် ကိန်းအောင်းနေသော ရေနံသိုက် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဝေဂါဒေသ ဂျူဂါချိုင့်ဝှမ်းတွင် ရေနံသိုက်သစ်တစ်ခုကို ရှာဖွေတွေ့ရှိ ရကြောင်း၊ ပက်ထရိုချိုင်းနား ရေနံကုမ္ပဏီ၊ စီအင်န်အိုအိုစီ ရေနံကုမ္ပဏီတို့ကဲ့သို့ ထိပ်တန်းရေနံလုပ်ငန်းကုမ္ပဏီများ က ရေနံစူးစမ်းရှာဖွေရေးလုပ်ငန်းကို တိုးမြှင့်ပြုလုပ်လျက် ရှိကြချိန်တွင် ရေနံသိုက်သစ်ကို တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်းက ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ပက်ထရိုချိုင်းနားတာဝန်ရှိသူများက ပြောကြားသည်။
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းသည် ပက်ထရိုချိုင်းနား ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သည်။သက်တမ်းရင့်ရော်လာပြီဖြစ်သော ရေနံတွင်းဟောင်းများ မှ ရေနံထုတ်လုပ်နိုင်မှု ဆက်တိုက်ကျဆင်းလာနေချိန်တွင် ရေနံသိုက်သစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပက်ထရိုချိုင်းနား ကုမ္ပဏီသည် ရှင်ကျန်းရေနံမြေ၌ ရေနံ ထုတ်လုပ်မှုကို ယခုနှစ်တွင် တန်ချိန် ၁ ဒသမ ၃၈ သန်းခန့် (သို့မဟုတ်) တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၇ဝဝဝ ခန့် ဖြင့် ထုတ်လုပ်မှု မြှင့်တင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားကြသည်။
ဆင်ဟွာ

No comments:

Post a Comment