Saturday, December 2, 2017

နတ်မြစ်အတွင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦး ဖမ်းဆီးရမိ

Image may contain: one or more people, people standing and sunglasses
နေပြည်တော် ဒီဇင်ဘာ ၁
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၃ဝ ရက် နံနက် ၆ နာရီ ၂၅ မိနစ်တွင် မောင်တောမြို့ မောင်နီကျေးရွာအနီး နတ်မြစ်အတွင်း၌ ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် ရေယာဉ်၏မြောက်ဘက် ကိုက် ၂ဝဝ ခန့်အကွာ တစ်ဖက်နိုင်ငံသို့ ခုတ်မောင်းနေသည့် မသင်္ကာဖွယ်ရာ စက်တပ်လှေတစ်စင်း တွေ့ရှိရ၍ မီးအချက်ပြခေါ်ယူ စစ်ဆေးရာမှ စက်လှေပေါ်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာပ်မြို့ နေသူ မွတ်စတာဟာမတ် ၅၄ နှစ်၊ ဂျူဘိုင် ၁၉ နှစ်၊ လှန်ဟမ်းကီး အာလောင် ၁၉ နှစ်တို့ သုံးဦးအား ဖမ်းဆီးရမိပြီး မကျီးချောင်းနယ်မြေ ရဲစခန်း၌ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment