Saturday, December 2, 2017

အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ဆူရင်ပစ်ဆူဝန် ကွယ်လွန်

Image may contain: 2 people, people standing and suit
ဘန်ကောက် ဒီဇင်ဘာ ၁
အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်သူ ဆူရင်ပစ်ဆူဝန်သည် နိုဝင်ဘာ ၃ဝ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ပစ်ဆူဝန်သည် ကွယ်လွန်ချိန်၌ အသက် ၆၈ နှစ်ရှိပြီး ဘန်ကောက်မြို့တော်ရှိ ဆေးရုံတစ်ရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဂျူတီကရီရစ်က ပြောကြားသည်။
ပစ်ဆူဝန်သည် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ အာဆီယံ အတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိ ဝန်ကြီးချုပ် ချွန်လိပိုင်၏ လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment