Thursday, December 28, 2017

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်သော သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ ပြည်သူများအတွက် လူနာတင်ယာဉ်၊ အဝတ်အထည်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

Image may contain: 8 people, people sitting
စစ်တွေ ဒီဇင်ဘာ ၂၇
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ဦးဆောင်သော သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်ရှိ ပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ ပြန်လည်ထူထောင်ရေးအတွက် လူနာတင်ယာဉ်တစ်စီး၊ အဝတ်အထည်များနှင့် ထောက်ပံ့ ငွေကျပ်သိန်း ၁ဝဝဝ ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်ရှိ ပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ ပြန်လည်ထူထောင်ရေးအတွက် လူနာတင်ယာဉ်တစ်စီး၊ အဝတ်အထည်များနှင့် ထောက်ပံ့ ငွေကျပ်သိန်း ၁ဝဝဝ ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် သီတဂူဆရာတော် ဦးဆောင်သော သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့သည် မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း ခွဲစိတ်ခန်း အဆောက်အအုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူ များ ကျန်းမာရေး၊ ပညာရေး၊ ပြန်လည်ထူထောင်ရေးအတွက် လူနာတင်ယာဉ်တစ်စီး၊ အဝတ်အထည်များနှင့် ထောက်ပံ့ ငွေကျပ်သိန်း ၁ဝဝဝ ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ ခရီးစဉ်တွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၊ ဦးကောဝိဒ၊ ဒေါက်တာသေဋ္ဌိလ၊ ဦးပဏ္ဍိစ္စ၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment